ဓါတ်ခွဲနမူနာပေါင်း (၅၀၀)ကျော်ကို စစ်ဆေးရာမှ မလေးရှားနိုင်ငံက ပြန်လာသည့် အမျိုးသား တစ်ဦးတွင် covid -19 ပိုးတွေ့ရှိ

ဓါတ်ခွဲနမူနာပေါင်း (၅၀၀)ကျော်ကို စစ်ဆေးရာမှ မလေးရှားနိုင်ငံက ပြန်လာသည့် အမျိုးသား တစ်ဦးတွင် covid -19 ပိုးတွေ့ရှိ
မေ 29, 2020
By Tachileik News Agency
ဓါတ်ခွဲနမူနာပေါင်း (၅၀၀)ကျော်ကို စစ်ဆေးရာမှ မလေးရှားနိုင်ငံက ပြန်လာသည့် အမျိုးသား တစ်ဦးတွင်  covid -19 ပိုးတွေ့ရှိ

မလေးရှားနိုင်ငံက ပြန်လာပြီး ပုသိမ်မြို့တွင် အသွားအလာ ကန့်သတ်ထားသည်များထဲက အမျိုးသားတစ်ဦးတွင် Covid - 19 ပိုးတွေ့ရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် မေလ(၂၉)ရက်နေ့ ည(၈)နာရီက သတင်းထုတ်ပြန်လိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့နေ အသက်(၄၄)နှစ်ရှိ အမျိုးသားတစ်ဦးတွင် covid-19 ပိုးတွေ့ရသည့်အတွက် မြန်မာနိုင်ငံတွင် ကူးစက်ခံရသူ (၂၀၇)ဦးအထိ ရှိလာနေပြီဖြစ်သည်။
၂၀၂၀ခုနှစ် မေလ(၂၉)နေ့၏ ပထမအသုတ်အဖြစ် အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန နှင့် အမှတ်(၁) တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တို့မှ ဓါတ်ခွဲနမူနာပေါင်း (၅၆၁)ခုကို စစ်ဆေးရာမှ တစ်ဦးတွင် ပိုးတွေ့ရကြောင်း ဓါတ်ခွဲအဖြေရခြင်း ဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~