အာရပ်စော်ဘွားများနိုင်ငံမှ ရန်ကုန်သို့ ပြန်လာသူ (၆)ဦးတွင် COVID 19 ပိုးတွေ့

အာရပ်စော်ဘွားများနိုင်ငံမှ ရန်ကုန်သို့ ပြန်လာသူ (၆)ဦးတွင် COVID 19 ပိုးတွေ့
မေ 20, 2020
By Tachileik News Agency

အာရပ်စော်ဘွားများနိုင်ငံမှ ရန်ကုန်သို့ ပြန်လာသူ (၆)ဦးတွင် COVID 19 ပိုးတွေ့

ရန်ကုန်မြို့တွင် အာရပ်စော်ဘွားများနိုင်ငံ (UAE)မှ ပြန်လာသူ (၆)ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ မေလ (၂၀)ရက်နေ့ ည (၈) နာရီအထိ အတည်ပြုလူနာ စုစုပေါင်း (၁၉၉)ဦး ရှိပြီဖြစ်သည်။

အသစ်ထပ်တိုးလာသည့် ရန်ကုန်မြို့မှ မြောက်ဥက္ကလာပ၊ ပန်းဘဲတန်း၊ သာကေတ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်နှင့် အင်းစိန်မြို့နယ်တို့ အတည်ပြုလူနာ အမျိုးသား (၆)ဦးမှာ UAE မှ ပြန်လာပြီးနောက် အင်းစိန်မြို့နယ်တွင် အသွားအလာ ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဆေးသုတေသနဦးစီးဌာန (DMR) မှ ဓာတ်ခွဲနမူနာ (၁၅၉) ခုနှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ်ဓာတ်ခွဲနမူနာ (၉၄) ခု၊ စုစုပေါင်း (၁၉၉) ခုကို စစ်ဆေးခဲ့ရာတွင် အတည်ပြုလူနာ (၆)ဦးကို တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၄) ဦး (Case- 28, 43, 87 နှင့် 125) ရှိခဲ့သဖြင့် မေလ (၂၀)ရက်နေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၈) ဦးရှိသည့်အနက် (၉၈) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆) ဦး ရှိခဲ့ခြင်းဖြစ်သည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~