မရမ်းကုန်းမြို့နယ်တွင် (၁)ဦးထပ်တိုး၍ မြန်မာနိုင်ငံအတွင်း covid-19 ကူးစက်ခံရသူ (၁၇၈)ဦးရှိနေ

မရမ်းကုန်းမြို့နယ်တွင် (၁)ဦးထပ်တိုး၍ မြန်မာနိုင်ငံအတွင်း covid-19 ကူးစက်ခံရသူ (၁၇၈)ဦးရှိနေ
မေ 9, 2020
By Tachileik News Agency
မရမ်းကုန်းမြို့နယ်တွင် (၁)ဦးထပ်တိုး၍ မြန်မာနိုင်ငံအတွင်း covid-19 ကူးစက်ခံရသူ (၁၇၈)ဦးရှိနေ

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်မှ အတည်ပြုလူနာ (၁) ဦးကို ၂၀၂၀ ခုနှစ်၊ မေလ (၉) ရက်နေ့ ညပိုင်းတွင် ထပ်တိုးတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၁၇၈) ဦးရှိပြီဖြစ်သည်။

 အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) နှင့် ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၅) ခု စုစုပေါင်း (၂၇၃) ခုကို စစ်ဆေးခဲ့ရာ ဓါတ်ခွဲအတည်ပြုလူနာ (၁) ဦးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲစစ်ဆေးမှုများတွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်းများကို ပြန်လည်ဓါတ်ခွဲစစ်ဆေးရာ (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁) ဦးထပ်တိုးတွေ့ရသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၆၈) ဦး ရှိပြီဖြစ်သည်။

ယင်းတို့အနက် (၄၆) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ် နေရာများတွင် အသွားအလာဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~