တာချီလိတ်မြို့၏ ဒုတိယမြောက် အတည်ပြုလူနာ သူနာပြုတွင် နှစ်ကြိမ်ဆက်တိုက် စစ်ဆေးမှု၌ Covid-19 ပိုးမတွေ့

တာချီလိတ်မြို့၏ ဒုတိယမြောက် အတည်ပြုလူနာ သူနာပြုတွင် နှစ်ကြိမ်ဆက်တိုက် စစ်ဆေးမှု၌ Covid-19 ပိုးမတွေ့
မေ 22, 2020
By Tachileik News Agency
တာချီလိတ်မြို့၏ ဒုတိယမြောက် အတည်ပြုလူနာ သူနာပြုတွင် နှစ်ကြိမ်ဆက်တိုက် စစ်ဆေးမှု၌ Covid-19  ပိုးမတွေ့ 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေဆဲ COVID 19 အတည်ပြုလူနာ (၂)ဦးအနက် ၂၀၂၀ ခုနှစ်၊ မေလ (၂၂)ရက်နေ့၌ (၁)ဦးမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့တော့၍ ကုသမှုခံယူဆဲ (၁)ဦးသာ ကျန်တော့ကြောင်း သိရသည်။

ဒီမနက်မှာ case 112 က Negative အဖြေရတယ်။ Negative နှစ်ကြိမ်ဖြစ်ပြီဆိုတော့  ဆေးရုံမှာ (၁၄)ရက်  စောင့်ကြည့်အခန်းမှာ ရွှေ့ထားပါပြီ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တာချီလိတ်မြို့မှ အတည်ပြုလူနာ Case 96 နှင့် Case 112၊ မိုင်းဖြတ်မြို့မှ Case 64 တို့ ကျိုင်းတုံပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသည့်အနက် Case 96 မှာ ၂၀၂၀ ခုနှစ်၊ မေလ (၂၀) ရက်နေ့က ဆေးရုံဆင်းခွင့်ရခဲ့ကာ Case 112 သည် မေလ (၂၂)ရက်နေ့၌ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ကြောင်း အဖြေရပြီဖြစ်၍ ဆေးရုံ၌ (၁၄)ရက် စောင့်ကြည့်မှုအောက် ထားရှိခြင်းဖြစ်သည်။

Case 112 ဖြစ်သည့် သူနာပြုသည်  (၃) ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ရဘဲ (၄) ကြိမ်မြောက်တွင် ပိုးပြန်တွေ့ရပြီး (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက်တွင် ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

ကျိုင်းတုံပြည်သူ့ဆေးရုံတွင် လက်ရှိအချိန်ထိ ကုသမှုခံယူနေဆဲဖြစ်သည့် Case (64) မှာ (၃)ကြိမ်မြောက် ဓါတ်ခွဲစစ်ဆေးစဉ်က ပိုးမတွေ့ကြောင်း အဖြေရပြီးနောက် (၄)ကြိမ်မြောက်၊ (၅)ကြိမ်မြောက်နှင့် (၆)ကြိမ်မြောက် စစ်ဆေးမှုများတွင် ပိုးပြန်တွေ့ထားရ၍ ကုသမှုခံယူနေဆဲဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~