ထိုင်းဘက်က တာချီလိတ်သို့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၃၇)ဦး လွှဲပြောင်းလာရာ ကိုယ်အပူချိန်မြှင့်သူ (၁)ဦးပါလာ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

ထိုင်းဘက်က တာချီလိတ်သို့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၃၇)ဦး လွှဲပြောင်းလာရာ ကိုယ်အပူချိန်မြှင့်သူ (၁)ဦးပါလာ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား
မေ 6, 2020
By Tachileik News Agency
ထိုင်းဘက်က တာချီလိတ်သို့ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၃၇)ဦး လွှဲပြောင်းလာရာ ကိုယ်အပူချိန်မြှင့်သူ (၁)ဦးပါလာ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ မေလ (၆) ရက်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံဘက်မှ (၁၄)ရက် Quarantine ထားပြီးကြောင်း ထောက်ခံချက်ဖြင့် လွှဲပြောင်းလာသည့် ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၃၇) ဦးတွင် ကိုယ်အပူချိန်မြင့်နေသည့် အမျိုးသား (၁)ဦး ပါဝင်လာသဖြင့် စောင့်ကြည့်လူနာအဖြစ် ဓါတ်ခွဲစစ်ဆေးမည်ဖြစ်ပြီး ကျန် (၃၆)ဦးကို Facilities Quarantine ပို့ဆောင်ထားသည်။

အစက စီစဉ်ထားတာကတော့ အားလုံး ကိုယ့်နေရပ်မှာပဲ Home Quarantine ဝင်ကြဖို့ပဲ။ ဒါပေမဲ့ ကိုယ်အပူချိန်မြင့်နေတဲ့တစ်ယောက်ပါလာတော့  အဲဒီတစ်ယောက်ကို ဆေးရုံမှာ စောင့်ကြည့်လူနာ သတ်မှတ်လိုက်တယ်။ ကျန်တဲ့သူတွေကိုတော့ Facilities Quarantine ထားလိုက်တယ်

ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၃၇)ဦးကို လွှဲပြောင်းပေးရာတွင် ထိုင်းဘက်၌ (၁၄)ရက် Quarantine ထားရှိပြီးကြောင်း အထောက်အထားဖြင့်လွှဲပေးခြင်းဖြစ်သော်လည်း ကိုယ်အပူချိန်မြင့်သူပါလာသဖြင့် စောင့်ကြည့်လူနာသတ်မှတ်ထားရခြင်းဖြစ်သည်။

သူတို့မှာ Quarantine ထားပြီးကြောင်းပါပေမဲ့ ကိုယ်အပူချိန်က မြင့်နေတယ်။ ပြင်ပအပူချိန်ကြောင့် ဖြစ်မလားဆိုပြီး ကျွန်တော်တို့ အကြိမ်ကြိမ်တိုင်းပေမဲ့ ကိုယ်အပူချိန်မြင့်နေတော့ Isolation room မှာ ထားထားတယ်။ ဓါတ်ခွဲနမူနာပို့စစ်သွားမယ်။ တံတားပေါ်မှာ သူ့ကို ကိုယ်အပူချိန်မြင့်တာ စစ်ဆေးတွေ့ရကတည်းက N 95 Mask ကို ပြောင်းတပ်ခိုင်းလိုက်တယ်။ အကယ်၍ Positive ဖြစ်ရင် Contact နည်းနိုင်သမျှနည်းအောင် ကျွန်တော်တို့ သေချာစီစဉ်ထားပါတယ်

ဟု  ပြည်နယ်ကုသရေးဦးစီးဌာန၊ ကျိုင်းတုံမြို့မှ ဒုတိယညွှန်ကြားရေးမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာ အောင်မြင့်ထွန်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရပြီး ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို ထိုင်းနိုင်ငံဘက်က ပြန်လည်လွှဲပြောင်းပေးနေရာ COVID 19 ကြောင့် နယ်စပ်ဂိတ်ပိတ်ထားသည့် ကာလအတွင်း  ဒုတိယမြောက်လွှဲပြောင်းသည့်အကြိမ်မှစ၍ ထိုင်းဘက်က (၁၄) ရက် Quarantine ဝင်ပြီးကြောင်း အထောက်အထားစာရွက်များဖြင့် လွှဲပြောင်းပေးလာခြင်းဖြစ်သည်။

သူတို့က (၁၄)ရက် Quarantine ဝင်ပြီးကြောင်း ထောက်ခံချက်တွေ ပါပေမဲ့ တစ်ချို့က (၄)ရက်လောက် နေပြီးတဲ့ သူလည်းပါတယ်။ ကိုယ်အပူချိန်မြင့်နေတဲ့သူလည်းပါတယ်ဆိုတော့ အဲဒီထောက်ခံချက်တွေအကုန် ကျွန်တော်တို့ ထိုင်းဘက်ကို ပြန်ပေးလိုက်တယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

နယ်စပ်ဂိတ်ပိတ်ထားစဉ်ကာလအတွင်း တာချီလိတ်ဘက်သို့ ထိုင်းနိုင်ငံက ပြစ်ဒဏ်စေ့မြန်မာနိုင်ငံသား (၉၂) ဦးကို မတ်လ (၂၃) ရက်နေ့က ပထမဆုံးအကြိမ် လွှဲပြောင်းပေးလာစဉ်က ကိုယ်အပူချိန်မြင့်နေသူများပါဝင်သဖြင့် လွှဲပြောင်းပေးလာသူများအား Facilities Quarantine (၁၄)ရက်ကို မြို့လူထုအကူအညီဖြင့် ထားရှိခဲ့ရပြီး ဧပြီလ (၂၇)ရက်နေ့က လွှဲပြောင်းလာသည့် ပြစ်ဒဏ်စေ့ (၆၂)ဦးကို ထိုင်းနိုင်ငံဘက်တွင် (၁၄)ရက် Quarantine ထားရှိပြီးကြောင်း ထောက်ခံချက်များဖြင့် ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။

ယင်းနောက် မေလ (၆)ရက်နေ့၌ ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသား (၃၇)ဦးကို လွှဲပြောင်းပေးရာတွင်လည်း ထိုင်းဘက်တွင် (၁၄)ရက် Quarantine ထားရှိပြီးကြောင်း အထောက်အထားဖြင့်လွှဲပေးခြင်းဖြစ်သော်လည်း ကိုယ်အပူချိန်မြင့်သူပါလာသဖြင့် စောင့်ကြည့်လူနာသတ်မှတ်ထားရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~