တာချီလိတ်မြို့တွင် တတိယအကြိမ် ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးရမည့်သူများ မေလ(၁၈)ရက်နေ့အထိ အောင်မြတ်ခန်းမတွင် လာရောက်ထိုးနိုင်

တာချီလိတ်မြို့တွင် တတိယအကြိမ် ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးရမည့်သူများ မေလ(၁၈)ရက်နေ့အထိ အောင်မြတ်ခန်းမတွင် လာရောက်ထိုးနိုင်
မေ 16, 2020
By Tachileik News Agency
 

 တာချီလိတ်မြို့တွင် တတိယအကြိမ် ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးရမည့်သူများ မေလ(၁၈)ရက်နေ့အထိ အောင်မြတ်ခန်းမတွင် လာရောက်ထိုးနိုင် 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှာ တတိယအကြိမ် ဘီပိုးကာကွယ်ဆေး ထိုးရန် လိုအပ်သူများကို ၂၀၂၀ခုနှစ် မေလ(၁၄)ရက်နေ့က စတင်ကာ အောင်မြတ်ခန်းမမှာ အခမဲ့ ထိုးနှံပေးနေရာမှာ မေလ(၁၆)ရက်နေ့အထိ (၃)ရက်တာအတွင်း လူဦးရေ စုစုပေါင်း (၆၃၈)ဦး လာရောက်ထိုးနှံပြီးကြောင်းနဲ့ ကျန်ရှိသူများအနေနဲ့လည်း မေလ(၁၈)ရက်နေ့ ညနေ(၄)နာရီအထိ လာရောက်ထိုးနိုင်ကြောင်း သိရပါတယ်။

ဒီအစီအစဉ်ဟာ  တာချီလိတ်မြို့မှာ ဘဝနတ်ထံပျံလွန်တော်မူပြီး ဖြစ်တဲ့ မဟာမြတ်မုနိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တပညာသာမိအား အမှူးထားပြီး  ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၏ အသက်(၆၄)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူအဖြစ် အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းဖောင်ဒေးရှင်း(မြန်မာ) နဲ့ တာချီလိတ်မြို့မှ မြို့မိမြို့ဖများ အပါအဝင် လုပ်ငန်းရှင်များ ပူးပေါင်းကာ လှူဒါန်းပြီး အခမဲ့ ထိုးနှံပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။

ဆေးထိုးနှံတဲ့အပိုင်းကိုတော့ တပ်မတော်ဆေးအဖွဲ့၊ တာချီလိတ်ဆေးရုံမှ ကျန်းမာရေးအဖွဲ့ နဲ့ မြသဟာ(အဆွေတော်မိသားစု)ဆေးရုံတို့က တာဝန်ယူထိုးနှံပေးခြင်း ဖြစ်ပါတယ်။

အခုလို အစီအစဉ်ဟာ တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက် နဲ့ မြသဟာဆေးရုံတို့မှာ အခမဲ့ထိုးပေးစဉ်က ထိုးခဲ့ကြပြီး တတိယအကြိမ်ဆက်လက် ထိုးရန် လိုအပ်သူများအတွက်သာ ဖြစ်ပြီး တစ်ခါမှ မထိုးရသေးသူများအတွက်ကိုတော့ ယခုအစီအစဉ်မှာ ပါဝင်နိုင်ဦးမှာ မဟုတ်ဘဲ နောက်ပိုင်း အခုလို အစီအစဉ်ရှိရင် အသိပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။၊

Tachileik News Agency
တင်ဆက် - ကိုဇောင်း
ရိုက်ကူး - စိုင်းအောင်ဝင်းမိုး


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~