တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တတိယအကြိမ် ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း အစီအစဉ်အား မေလ(၁၄)ရက်နေ့တွင် စမည်

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တတိယအကြိမ် ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း အစီအစဉ်အား မေလ(၁၄)ရက်နေ့တွင် စမည်
မေ 11, 2020
By Tachileik News Agency
တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တတိယအကြိမ် ဘီပိုးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း အစီအစဉ်အား မေလ(၁၄)ရက်နေ့တွင် စမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်တွင် အခမဲ့ထိုးနှံပေးနေသည့် အသည်းရောင်ဘီပိုးကာကွယ်ဆေး တတိယအကြိမ် ထိုးနှံရမည့်သူ (၁၀၀၀) ကျော်ဝန်းကျင်အား ၂၀၂၀ ခုနှစ်၊ မေလ (၁၄)ရက်နေ့မှ မေလ (၁၈)ရက်နေ့အထိ အောင်မြတ်ခန်းမ၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"အသစ်တွေတော့ မဟုတ်ဘူး။ ပထမ တစ်ကြိမ် နဲ့ ဒုတိယအကြိမ်အထိ ထိုးခဲ့ပြီးတဲ့ ကာကွယ်ဆေးထိုးမယ့် သူတွေကို တတိယအကြိမ်မြောက် ထိုးပေးတာပေါ့၊ အဲဒီဆေးက တတိယအကြိမ်အထိ ထိုးရတာ။ ဒုတိယအကြိမ် ထိုးပြီးသားသူတွေကိုပဲ ထိုးပေးမှာပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘီပိုးကာကွယ်ဆေး တတိယအကြိမ်ထိုးရမည့်သူများကို အလှည့်ကျထိုးနှံပေးမည်ဖြစ်ရာ မေလ (၁၄)ရက်နေ့တွင် ဝမ်ကောင်းရပ်ကွက်နှင့် တာလော့ရပ်ကွက်တွင် နေထိုင်သူများကို နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ လည်းကောင်း၊ ပုန်းထွန်၊ လွယ်တော်ခမ်းနှင့် မိုင်းဟဲကျေးရွာအုပ်စုများတွင် နေထိုင်သူများကို နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ လည်းကောင်း ထိုးနှံပေးမည် ဖြစ်သည်။

မေလ (၁၅)ရက်နေ့တွင် မကာဟိုခမ်းနှင့် မယ်ခေါင်ရပ်ကွက်တွင် နေထိုင်သူများကို နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ လည်းကောင်း၊ ဆန်ဆိုင်း(က) နှင့် ဖန်မင်ကျေးရွာတွင် နေထိုင်သူများကို နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိလည်းကောင်း ထိုးနှံပေးမည် ဖြစ်သည်။

ဆက်လက်၍ မေလ (၁၆)ရက်နေ့တွင် ဆန်ဆိုင်း(ခ)နှင့် မိုင်းကိုးကျေးရွာတွင် နေထိုင်သူများကို နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိလည်းကောင်း၊ ရန်အောင်မြေနှင့် ဝမ်လုံးကျေးရွာအုပ်စုတွင် နေထိုင်သူများကို နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ လည်းကောင်း၊  မေလ (၁၇) ရက်နေ့တွင် ဆေခမ်း၊ ပါဆတ်နှင့် ဝိန်းကျောက်ရပ်ကွက်တွင် နေထိုင်သူများကို နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိလည်းကောင်း၊ မိုင်းဖုန်း(ခ)နှင့် မိုင်းဖုန်း (ခ)တွင် နေထိုင်သူများကို နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိ လည်းကောင်း ထိုးနှံပေးမည်ဖြစ်သည်။

မေလ (၁၈)ရက်နေ့တွင် ကျိုင်းလပ်မြို့၌ နေထိုင်သူများကို နံနက် (၉)နာရီမှ နေ့လယ် (၁၂)နာရီအထိ လည်းကောင်း၊ တာလေမြို့တွင် နေထိုင်သူများကို နေ့လယ် (၁)နာရီမှ ညနေ (၄)နာရီအထိလည်းကောင်း တာချီလိတ်ရှိ အောင်မြတ်ခန်းမတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံမည့်သူများ အနေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးထားသည့် မှတ်တမ်းများကို ယူဆောင်လာရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါဖောင်ဒေးရှင်း (မြန်မာ) က တာချီလိတ် မဟာမြတ်မုနိ ဆရာတော်၏ အန္တိမအဂ္ဂိဈာပနကို ပူဇော်သည့်အနေဖြင့် အောက်တိုဘာလအတွင်းက လူဦးရေ (၅၀၀) ကို အသည်းရောင် B ပိုး၊ C ပိုး စစ်ဆေးခြင်းနှင့် လိုအပ်သူများကို ကာကွယ်ဆေးထိုးပေးခြင်းအား အခမဲ့ ဆောင်ရွက်ပေးခဲ့ရာ ဒေသတွင်းမှ အလှူရှင်များက ပါဝင်လှူဒါန်းမှုဖြင့် လူဦးရေ (၁၀၀၀) အထိ စစ်ဆေးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~