ကျောက်မဲမြို့၏ ဗဟိုဈေးကို ဈေးလယ်လမ်းမှနေ၍ နှစ်ပိုင်းခွဲကာ ဇွန်လ(၁)ရက်နေ့က စ၍ သတ်မှတ်ရက်အလိုက် တစ်ခြမ်းစီး ဖွင့်လှစ်သွားမည်

ကျောက်မဲမြို့၏ ဗဟိုဈေးကို ဈေးလယ်လမ်းမှနေ၍ နှစ်ပိုင်းခွဲကာ ဇွန်လ(၁)ရက်နေ့က စ၍ သတ်မှတ်ရက်အလိုက် တစ်ခြမ်းစီး ဖွင့်လှစ်သွားမည်
မေ 30, 2020
By Tachileik News Agency
ကျောက်မဲမြို့၏ ဗဟိုဈေးကို ဈေးလယ်လမ်းမှနေ၍ နှစ်ပိုင်းခွဲကာ ဇွန်လ(၁)ရက်နေ့က စ၍ သတ်မှတ်ရက်အလိုက် တစ်ခြမ်းစီး ဖွင့်လှစ်သွားမည်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ဗဟိုဈေးကို ဈေးလယ်လမ်းမှနေ၍ နှစ်ပိုင်းခွဲလိုက်ပြီး ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့မှစ၍ ပြက္ခဒိန်ရက် စုံဂဏန်းနှင့် မဂဏန်း ရက်များအလိုက် တစ်ခြမ်းစီ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း သိရသည်။

အဓိက ကတော့ Covid-19 ကူးစက် ရောဂါကာကွယ်ရေးအတွက် ရှမ်းပြည်နယ် စည်ပင်သာယာရေးကော်မတီရယ်၊ ကျန်းမာရေးဌာနတွေက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေ၊ စည်းကမ်းတွေကို လိုက်နာဖို့လိုတာပေါ့၊ ဈေးက တစ်ရက်စီ  ဈေးအလယ်ဗဟိုကနေ တောင်ဘက်၊ မြောက်ဘက် နှစ်ပိုင်းခွဲပြီး ဖွင့်ရမယ်။ ညဈေးနဲ့  (၅) ရက်တစ်ဈေးတွေကတော့ ဖွင့်ခွင့်မရသေးဘူး

ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျောက်မဲရှိ မနက်ခင်းဈေး (မင်္ဂလာဈေး)၊ အခွန်လွတ်ဈေးနှင့် မနက်ခင်းပျံကျဈေး( ဘူတာဈေး) တို့အား covid ကာလအတွင်း ပုံမှန်အတိုင်း ဖွင့်ခွင့်ပေးထားခဲ့ခင်း ဖြစ်ကာ ယာယီပိတ်ထားသည့် ဗဟိုဈေးကို ဇွန်လ (၁) ရက်နေ့မှစကာ ပြန်ဖွင့်ခွင့်ပေးသွားမည်ဖြစ်သည်။

ဈေးရောင်းချသူများလိုက်နာရမည့် စည်းကမ်းချက်များကိုလည်း ဈေးကော်မတီရုံး၌ ခေါ်ယူတွေ့ဆုံ၍ အသိပေးထားပြီး ဖြစ်ကာ ကြေညာချက်လည်း ထုတ်ပြန်ထားပြီး ဖြစ်သည်ဟု သိရသည်။

ပြန်လည်ဖွင့်လှစ်ခွင့်ပေးထားသည့် ဈေးများ၊ ဆိုင်ခန်းများအနေဖြင့် Covid ကာကွယ်ရေး ကော်မတီက ထုတ်ပြန်ထားသော စည်းကမ်းချက်များကို လိုက်နာရန်လိုအပ်မည်ဖြစ်ပြီး  ဟိုတယ်၊ တည်းခိုခန်းများကို ဇွန်လ (၁)ရက်နေ့မှစ၍ ဖွင့်ခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~