တာချီလိတ်တပ်နယ်မှ ရှမ်းရိုးမကွင်းအတွင်း သက်သာသည့် ဈေးနှုန်းများဖြင့် ဟင်းသီးဟင်းရွက် နှင့် သား၊ ငါး၊ ကြက်ဥများ ရောင်းချပေးနေ

တာချီလိတ်တပ်နယ်မှ ရှမ်းရိုးမကွင်းအတွင်း သက်သာသည့် ဈေးနှုန်းများဖြင့် ဟင်းသီးဟင်းရွက် နှင့် သား၊ ငါး၊ ကြက်ဥများ ရောင်းချပေးနေ
မေ 7, 2020
By Tachileik News Agency

တာချီလိတ်တပ်နယ်မှ ရှမ်းရိုးမကွင်းအတွင်း သက်သာသည့် ဈေးနှုန်းများဖြင့် ဟင်းသီးဟင်းရွက် နှင့် သား၊ ငါး၊ ကြက်ဥများ ရောင်းချပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရှမ်းရိုးမကွင်းအတွင်း covid-19 ကာကွယ်ထိန်ချုပ်ရေးကာလအတွင်း ဖွင့်လှစ်ထားရှိတဲ့ ဟင်းသီးဟင်းရွက်နှင့်အသား ငါးရောင်းချသည့် ယာယီဈေးမှာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရဲ့ တာချီလိတ်တပ်နယ်က တပ်တွင်းစိုက်ပျိုးမွေးမြူထားသည့် ဟင်းသီးဟင်းရွက်၊ အသားငါးများကို သက်သာတဲ့ ဈေးနှုန်းများနဲ့ နံနက် နံနက်(၇)နာရီခွဲက စပြီး လာရောက်ရောင်းချပေးနေပါတယ်။

အခုလို လာရောက်ရောင်းချနေတာမှာ သားစိမ်း ငါးစိမ်းများအပြင် ချက်ပြုတ်ပြီးသား ဟင်းများကိုလည်း သက်သာတဲ့ဈေးနှုန်းများနဲ့ ရောင်းချပေးနေတဲ့အတွက် လာရောက် ဝယ်ယူသူ များပြားနေတာကိုလည်း တွေ့ရပါတယ်။

တပ်တွင်း စိုက်ပျိုး မွေးမြူထားတဲ့ ဟင်းသီးဟင်းရွက်၊ ကြက်ဥ၊ ကြက်သား၊ ငါးများကို ၂၀၂၀ခုနှစ် မေလ(၅)ရက်နေ့က စပြီး နေ့စဉ် နံနက် (၇) နာရီခွဲဝန်းကျင်မှ နေ့လယ် (၁၁)နာရီအထိ နေ့စဉ်ရောင်းချပေးနေပေးနေတာဖြစ်သလို အခုလိုရောင်းချပေးတဲ့ ကာလကိုတော့သတ်မှတ်ထားခြင်း မရှိသေးကြောင်း သိရပါတယ်။

 Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~