တာချီလိတ်ခရိုင်အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့လှူဒါန်း

တာချီလိတ်ခရိုင်အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့လှူဒါန်း
မေ 6, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်းရှိ ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနများသို့ တပ်မတော်က COVID-19 ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့လှူဒါန်း

တပ်မတော်မှ လှူဒါန်းသည့် COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို တာချီလိတ်ခရိုင်အတွင်းရှိ ဆေးရုံများသို့ မေလ(၆)ရက်နေ့အထိ တပ်နယ်က လိုက်လံလှူုဒါန်းပေးထားကြောင်း သိရသည်။

COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Mask)၊ လက်အိတ်၊ PPE ဝတ်စုံ၊ အပူချိန်တိုင်းကိရိယာ နှင့် အကာအကွယ် မျက်မှန်များကို သက်ဆိုင်ရာ ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သော်ဇင်ဦး ဦးစီးသည့် တပ်နယ်အရာရှိများ နှင့် ဆေးအဖွဲ့များမှ လိုက်လံလှူဒါန်းပေးခြင်း ဖြစ်ကြောင်း သိရသည်။

တပ်မတော်မှ ထောက်ပံ့လှူဒါန်းသည့် COVID-19 ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများကို တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် (၃)ကြိမ် တိတိလည်းကောင်း၊ ကျိုင်းလပ်၊ တာလေမြို့ရှိ တိုက်နယ်ဆေးရုံများတွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊  (၁၆)ခုတင်ဆံ့ ဝမ်ပုံ တိုက်နယ်ရုံတွင် ပထမအကြိမ်အဖြစ် လည်းကောင်း၊   မိုင်းလင်း၊ စမ်းလု၊ နမ့်ငေါ့၊ မိုင်းဖုန်း(က/ခ)ကျေးရွာအုပ်စုအတွင်းရှိ ပါဆာ၊ ပါခုတ်၊ နမ့်လွတ်၊ ဝှေလေလန် တို့ ပါဝင်သည့် ကျေးလက် နှင့် ကျေးလက်ခွဲ ကျန်းမာရေးဌာနများတွင် ပထမအကြိမ်အဖြစ်လည်းကောင်း မေလ(၆)ရက်နေ့အထိ အသီးသီး လှူဒါန်းပေးထားကြောင်း သိရသည်။

တပ်မတော်ဆေးအဖွဲ့က ကုသရေးပိုင်းနှင့် ပတ်သက်၍ တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင်အင်အားဖြည့် ကုသပေးနေလျက်ရှိကြောင်းလည်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~