မူဆယ်မြို့တွင် တပ်မတော်လုံခြုံရေးအဖွဲ့က ရပ်ကွက်နှစ်ခုမှ လက်နက်ခဲယမ်းများနှင့် လူတစ်ဦး ဖမ်းဆီးရမိ

မူဆယ်မြို့တွင် တပ်မတော်လုံခြုံရေးအဖွဲ့က ရပ်ကွက်နှစ်ခုမှ လက်နက်ခဲယမ်းများနှင့် လူတစ်ဦး ဖမ်းဆီးရမိ
မေ 20, 2020
By Tachileik News Agency

မူဆယ်မြို့တွင် တပ်မတော်လုံခြုံရေးအဖွဲ့က ရပ်ကွက်နှစ်ခုမှ လက်နက်ခဲယမ်းများနှင့် လူတစ်ဦး ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်နှင့် ဟိုမွန်ရပ်ကွက်တို့မှ လက်နက်ခဲယမ်းများ
 ၂၀၂၀ ခုနှစ်၊ မေလ (၂၀)ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးရမိ၍ ရဲတပ်ဖွဲ့ထံ လွှဲပြောင်း အမှုဖွင့်ထားကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကောင်းမှုတုံရပ်ကွက်ရှိ ဦးစိုင်းထွန်းလူ၏ နေအိမ်အား နံနက် (၁)နာရီခွဲဝန်းကျင်တွင် သတင်းအရ ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်းမှ ဘာရက်တာပစ္စတို (၁) လက်၊ ကျည်အိမ် (၂) ခု၊ ၉ မမကျည် (၁၀၀) တောင့်၊ စက်လတ်(ဘောက်ဝိုင်းပါ) (၁) လက်၊ အမ်- ၂၂ ကျည် (၈၇) တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး (၃) လုံးနှင့်အတူ ဦးစိုင်းထွန်းလူကို ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။ 
 
ယင်းနောက် နံနက် (၂) နာရီ (၁၅) မိနစ်ဝန်းကျင်တွင် ဟိုမွန်ရပ်ကွက်၊ မင်္ဂလာမူဆယ်လမ်းမကြီးပေါ်၌ ကားဘီးပေါက်၍ လမ်း၏ ဝဲဘက်သို့ တိမ်းမှောက်နေသော မတ်စ်တူးအမျိုးအစား မော်တော်ယဉ်အားစစ်ဆေးရာ ယာဉ်မောင်းအားတွေ့ရှိခြင်းမရှိဘဲ ၎င်းယာဉ်၏ နောက်ဖုံးအတွင်းမှ ပါရိသေနတ် (၁) လက်၊ ဖိုက်ဘာကျည်အိမ် (၁) ခု၊ ကျည် (၂၅) တောင့်နှင့် ပွိုင့်- ၂၂အရှည်(တစ်တောင့်ထိုး)သေနတ် (၁) လက်တို့အား သိမ်းဆည်းရမိခြင်းဖြစ်ကြောင်း သိရသည်။

 ဖမ်းဆီးရမိထားသည့် လက်နက်၊ ခဲယမ်းများ၊ မော်တော်ယာဉ်နှင့် လူ (၁)ဦးတို့ကို လုံခြုံရေးတပ်ဖွဲ့က မူဆယ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးထားပြီး အမှုဖွင့်ဆောင်ရွက်နေကြာင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~