နေပြည်တော်မှ အတည်ပြုလူနာ တပ်မတော်သားနှင့် အနီးကပ်ထိတွေ့သူ (၅၆)ဦးတွင် COVID-19 ပိုးမတွေ့ရ

နေပြည်တော်မှ အတည်ပြုလူနာ တပ်မတော်သားနှင့် အနီးကပ်ထိတွေ့သူ (၅၆)ဦးတွင် COVID-19 ပိုးမတွေ့ရ
မေ 6, 2020
By Tachileik News Agency

နေပြည်တော်မှ အတည်ပြုလူနာ တပ်မတော်သားနှင့် အနီးကပ်ထိတွေ့သူ (၅၆)ဦးတွင် COVID-19 ပိုးမတွေ့ရ

နေပြည်တော်မှ COVID-19 အတည်ပြုလူနာ တပ်မတော်သားနှင့် အနီးကပ်ထိတွေ့သူ (၅၆)ဦးတွင် ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရရှိသည်ဟု ၂၀၂၀ ခုနှစ်၊ မေလ (၆)ရက်နေ့၌ သတင်းထုတ်ပြန်သည်။

နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေမှ တပ်မတော်သား (၁)ဦးကို မေလ (၄)ရက်နေ့က အတည်ပြုလူနာအဖြစ် ဓါတ်ခွဲတွေ့ရသဖြင့် အဆိုပါ တပ်မတော်သားဖြင့် လုပ်ငန်းဆက်စပ်ဆောင်ရွက်ခဲ့သူ (၅၆) ဦးကိုလိုအပ်သည့် သွားလာကန့်သတ် စောင့်ကြည့်မှုများဆောင်ရွက်ပြီး မေလ (၆)ရက်နေ့၌ နေပြည်တော်၊ တပ်မတော်ဆေးရုံကြီး၌ Cobas 6800 ရောဂါ ရှာဖွေစက်ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

ယင်းအပြင် နေပြည်တော်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အတည်ပြုလူနာ တပ်မတော်သားနှင့်  ဆက်စပ်ထိတွေ့ ခဲ့သူများအနက် (၃၆၃) ဦးကို အသွားအလာကန့်သတ်ထားကြောင်း သိရသည်။

အတည်ပြုလူနာ တပ်မတော်သားကို နေပြည်တော်ရှိ တပ်မတော် ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူစေလျက်ရှိပြီး အခြေအနေ တည်ငြိမ်ကောင်းမွန်နေသည်ဟု သတင်းထုတ်ပြန်ထားသည်။

မေလ (၆)ရက်နေ့ ည(၈)နာရီ ဓါတ်ခွဲအဖြေများထုတ်ပြန်ချက်အရ ပိုးတွေ့ရသူမရှိသဖြင့် မြန်မာနိုင်ငံအတွင်း အတည်ပြုလူနာ စုစုပေါင်း (၁၆၁)ဦးရှိနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~