တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ (၄)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၇)ရက်နေ့တွင် ပေးပို့ စစ်ဆေးသွားမည်တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ (၄)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၇)ရက်နေ့တွင် ပေးပို့ စစ်ဆေးသွားမည်

တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ (၄)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၇)ရက်နေ့တွင် ပေးပို့ စစ်ဆေးသွားမည်တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ (၄)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၇)ရက်နေ့တွင် ပေးပို့ စစ်ဆေးသွားမည်
မေ 6, 2020
By Tachileik News Agency
တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ (၄)ဦး၏ ဓါတ်ခွဲနမူနာများကို မေလ(၇)ရက်နေ့တွင် ပေးပို့ စစ်ဆေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ စောင့်ကြည့်လူနာ (၄)ဦးနှင့် အတည်ပြုလူနာဖြင့် ထိတွေ့မိ၍  အသွားအလာကန့်သတ်( quarantine )ထားသည့် ကျန်းမာရေးဝန်ထမ်းများအား ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ခုနှစ်၊ မေလ (၇)ရက်နေ့၌ ဓါတ်ခွဲနမူနာ ရယူစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဒီနေ့ ထပ်တိုးတဲ့ စောင့်ကြည့်လူနာအပါအဝင် စောင့်ကြည့်လူနာ (၄)ဦးရယ် ဒုတိယအကြိမ် ဓါတ်ခွဲစစ်ဆေးမယ့် ကျန်းမာရေးဝန်ထမ်းကို  မနက်ဖြန် ဓါတ်ခွဲနမူနာယူစစ်ပါမယ်

ဟု တာချီလိတ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ ရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၆)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ မေလ (၆) ရက်နေ့ ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းလာသည့် ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများမှ ကိုယ်အပူချိန်မြင့်နေသည့် အမျိုးသား (၁)ဦး၊ မေလ (၅)ရက်နေ့က ချောင်းဆိုးဖျားနာနေသည့် အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၁)ဦး၊ မေလ (၃) ရက်နေ့က မယ်ဆိုင်ဘက်မှ တာချီလိတ်ဘက်သို့ ရေချောင်းဖြတ်ကူးလာသည့် အမျိုးသား (၁)ဦး စုစုပေါင်း (၄)ဦးကို စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ အတည်ပြုလူနာ (Case 112) သူနာပြုဆရာမဖြင့် ထိတွေ့၍ အသွားအလာကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်းများအား ပထမအကြိမ် ဓါတ်ခွဲစစ်ဆေးမှုတွင် ပိုးမတွေ့ရကြောင်း အဖြေရထားပြီး မေလ (၇) ရက်နေ့၌ ဒုတိယအကြိမ် ဓါတ်ခွဲနမူနာ ရယူစစ်ဆေးမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~