တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တတိယအကြိမ်အတွက် ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးနေရာ (၂)ရက်အတွင်း (၄၀၀)ကျော် လာရောက် ထိုးနှံထားပြီး တတိယအကြိမ်အတွက် မထိုးရသေးသူများ လာရောက် ထိုးနှံနိုင်

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တတိယအကြိမ်အတွက် ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးနေရာ (၂)ရက်အတွင်း (၄၀၀)ကျော် လာရောက် ထိုးနှံထားပြီး တတိယအကြိမ်အတွက် မထိုးရသေးသူများ လာရောက် ထိုးနှံနိုင်
မေ 15, 2020
By Tachileik News Agency

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် တတိယအကြိမ်အတွက် ဘီပိုးကာကွယ်ဆေး အခမဲ့ထိုးနှံပေးနေရာ (၂)ရက်အတွင်း (၄၀၀)ကျော် လာရောက် ထိုးနှံထားပြီး တတိယအကြိမ်အတွက် မထိုးရသေးသူများ လာရောက် ထိုးနှံနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အသည်းရောင်ဘီပိုး ကာကွယ်ဆေး  အခမဲ့ထိုးနှံပေးသည့် အစီအစဉ်မှ တတိယအကြိမ်ကာကွယ်ဆေးထိုးရမည့်သူများကို မေလ(၁၈)ရက်နေ့အထိ သတ်မှတ်ကာ  ထိုးနှံပေးနေရာတွင် နှစ်ရက်တာအတွင်း လူဦးရေ (၄၀၀)ကျော် လာရောက် ထိုးနှံပြီး ဖြစ်သလို တတိယအကြိမ်ထိုးနှံရန် လိုအပ်သူများအနေဖြင့် မေလ(၁၈)ရက်နေ့အထိ လာရောက်ထိုးနှံနိုင်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင် မေလ(၁၄)ရက်နေ့မှ စတင်၍ ထိုးနှံပေးနေရာ မေလ(၁၄)ရက်နေ့က (၁၉၀)ဦး၊ မေလ(၁၅)ရက်နေ့တွင် (၂၁၂)ဦး လာရောက်ထိုးနှံခဲ့ကြခြင်း ဖြစ်သည်။

လူစုလူဝေး မဖြစ်စေရေးအတွက် ၂၀၂၀ ခုနှစ်၊ မေလ(၁၄)ရက်နေ့မှ မေလ(၁၈)ရက်နေ့အထိ တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမတွင် ရပ်ကွက်များခွဲ၍ ထိုးနှံပေးနေခြင်း ဖြစ်သော်လည်း သတ်မှတ်နေ့တွင် မအားလပ်သူများအနေဖြင့် မေလ(၁၈)ရက်နေ့အထိ လာရောက် ထိုးနှံနိုင်မည်ဖြစ်ပြီး ယခု အစီအစဉ်သည် တာချီလိတ်မြို့ မဟာမြတ်မုနိဘုရားကြီး ကျောင်းတိုက်အတွင်း၌ ပထမ နှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူများကိုသာ တတိယအကြိမ်အဖြစ် ထိုးပေးခြင်းဖြစ်ပြီး တစ်ခါမှ မထိုးရသေးသူများကိုတော့ အစီအစဉ်တွင် မပါဝင်သေးကြောင်း သိရသည်။ 

အဆိုပါ အခမဲ့ကာကွယ်ဆေးထိုးသည့် အစီအစဉ်သည်  တာချီလိတ်မြို့မှ ဘဝနတ်ထံပျံလွန်တော်မူပြီးသော မဟာမြတ်မုနိကျောင်းတိုက် ဦးစီးပဓာန နာယကဆရာတော်ဘုရားကြီး အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တပညာသာမိအား ရည်စူးအလှူနှင့် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာတောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တကောဝိဒ(ဝစီပိတ်ဆရာတော်)၏ အသက်(၆၄)နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူအဖြစ် အစာအိမ်၊ အူလမ်းကြောင်းနှင့်အသည်းရောဂါဖောင်ဒေးရှင်း(မြန်မာ)နှင့် ဒေသတွင်းမှ ရပ်မိရပ်ဖများ နှင့် လုပ်ငန်းရှင်များက ပူးပေါင်းလှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ဆေးထိုးပေးခြင်းအဖြစ် တပ်မတော်ဆေးအဖွဲ့၊ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးအဖွဲ့နှင့်  မြသဟာ(အဆွေတော်မိသားစု)ဆေးရုံမှ ကျန်းမာရေးအဖွဲ့တို့က ပူးပေါင်းကာ ထိုးနှံပေးခြင်းဖြစ်သည်။

ဆက်လက်၍ မေလ (၁၆)ရက်နေ့ ပထမပိုင်း၌ ဆန်ဆိုင်း(ခ)နှင့် မိုင်းကိုးကျေးရွာတွင် နေထိုင်သူများနှင့် ဒုတိယပိုင်း၌ ရန်အောင်မြေနှင့် ဝမ်လုံးကျေးရွာအုပ်စုတွင် နေထိုင်သူများကို လည်းကောင်း၊  မေလ (၁၇) ရက်နေ့ ပထမပိုင်း၌ ဆေခမ်း၊ ပါဆတ်နှင့် ဝိန်းကျောက်ရပ်ကွက်တွင် နေထိုင်သူများနှင့် ဒုတိယပိုင်း၌ မိုင်းဖုန်း(ခ)နှင့် မိုင်းဖုန်း (ခ)တွင် နေထိုင်သူများကိုလည်းကောင်း၊ မေလ (၁၈)ရက်နေ့ နံနက်ပိုင်း၌ ကျိုင်းလပ်မြို့၌ နေထိုင်သူများနှင့် ဒုတိယပိုင်း၌ တာလေမြို့တွင် နေထိုင်သူများနှင့် အခြားရပ်ကွက်များမှ ဆေးထိုးရန်ကျန်ရှိသူများကို ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်သည်။

ကာကွယ်ဆေး လာရောက်ထိုးနှံသူများအနေဖြင့် ပထမအကြိမ်နှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးမှတ်တမ်းများ ယူဆောင်လာရန်လိုအပ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~