ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၂၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာ

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၂၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာ
မေ 29, 2020
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၂၈)ဦးကို တာချီလိတ်သို့ လွှဲပြောင်းလာ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၂၈)ဦးကို မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၂)တံတားမှ တဆင့် ထိုင်းဘက်က လွှဲပြောင်းပေးလာသည်။
 
၂၀၂၀ခုနှစ် မေလ(၂၉)ရက်နေ့ နံနက်ပိုင်းက လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၂၈)ဦးတွင် အမျိုးသား(၂၁)ဦး နှင့် အမျိုးသမီး (၅)ဦး နှင့် ကလေငယ်(၂)ဦး ပါဝင်ပြီး ၎င်းတို့ထဲတွင် မယ်ဆိုင်မြို့ရှိ ဈေးတစ်ဈေးတွင် သင်္ကြန်ကာလအတွင်း အုပ်စုဖွဲ့သောက်စားနေခြင်းကြောင့် ဖမ်းခံရသူများလည်း ပါဝင်ကြောင်း သိရသည်။

ထိုင်းဘက်မှ လာရောက်လွှဲပြောင်းပေးရာတွင် မြန်မာဘက်က တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင် နှင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောတို့ ပါဝင်သည့် ခရိုင်မြို့နယ်အဆင့် သက်ဆိုင်ရာဌာနများက စိစစ်လက်ခံခဲ့ကြပြီး ကျန်းမာရေးက covid-19 ကာကွယ်ရေးနှင့် ပတ်သက်၍ စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း သိရသည်။

အဆိုပါ (၂၈)ဦးတွင် covid-19 ရောဂါပိုး ရှိ မရှိ စစ်ဆေးပြီးမှ နေရပ်ဒေသအသီးသီးပို့ ပြန်ခွင့်ပေးသွားမည်ဖြစ်သည့်အတွက် တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် quarantine ထားရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~