မလေးရှားက ပြန်လာသည့် ရခိုင်ပြည်နယ်မှ အမျိုးသားတစ်ဦိးတွင် Covid-19 ပိုး စစ်ဆေးတွေ့ရှိ

မလေးရှားက ပြန်လာသည့် ရခိုင်ပြည်နယ်မှ အမျိုးသားတစ်ဦိးတွင် Covid-19 ပိုး စစ်ဆေးတွေ့ရှိ
မေ 18, 2020
By Tachileik News Agency

မလေးရှားက ပြန်လာသည့် ရခိုင်ပြည်နယ်မှ အမျိုးသားတစ်ဦိးတွင် Covid-19 ပိုး စစ်ဆေးတွေ့ရှိ

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် မလေးရှားနိုင်ငံမှ ပြန်လာသည့် အမျိုးသားတစ်ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် မြန်မာနိုင်ငံအတွင်း၂၀၂၀ ခုနှစ်၊ မေလ (၁၈)ရက်နေ့၌ ဓါတ်ခွဲအတည်ပြုလူနာ (၁၈၈)ဦး ရှိပြီဖြစ်သည်။

နံနက်ပိုင်း ဓါတ်ခွဲအဖြေတွင် ထပ်တိုးလာသည့် တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်မှ အမျိုးသား (၁)ဦးနှင့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မှ အမျိုးသား (၂)ဦးတို့မှာလည်း မလေးရှားမှ ပြန်လာကြသူများဖြစ်ကြောင်း သိရသည်။

မလေးရှားနိုင်ငံအပါအဝင် နိုင်ငံအသီးသီးတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံက ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လည်ခေါ်ယူပြီး နေရပ်ဒေသအသီးသီး၌ အသွားအလာကန့်သတ်ထားရှိနေခြင်းဖြစ်သည်။

မေလ (၁၈)ရက်နေ့တွင် ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများစစ်ဆေးမှုတွင် (၂) ကြိမ် ဆက်တိုက်ပိုးမတွေ့ရှိသူ (၄) ဦး (Case - 36, 48, 88 နှင့် 114) ရှိသဖြင့် ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၁၀၁)ဦးရှိလာပြီဖြစ်ကာ ယင်းတို့အနက် (၈၈)ဦးမှာ ဆေးရုံဆင်းပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~