လာအိုနိုင်ငံမှ တာချီလိတ်သို့ ပြန်ဝင်လာမည့် မြန်မာနိုင်ငံသား (၁၇၀)ကျော်အတွက် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင် ပြင်ဆင်ထား

လာအိုနိုင်ငံမှ တာချီလိတ်သို့ ပြန်ဝင်လာမည့် မြန်မာနိုင်ငံသား (၁၇၀)ကျော်အတွက် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင် ပြင်ဆင်ထား
မေ 7, 2020
By Tachileik News Agency
လာအိုနိုင်ငံမှ  တာချီလိတ်သို့ ပြန်ဝင်လာမည့် မြန်မာနိုင်ငံသား (၁၇၀)ကျော်အတွက် တာချီလိတ်မြို့ ဝမ်ပုံဆိပ်ကမ်းတွင် ပြင်ဆင်ထား

မြန်မာ - လာအိုနယ်စပ် တာချီလိတ်မြို့နယ်၊ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် လာအိုနိုင်ငံဘက်က နေရပ်ပြန်မည့် မြန်မာနိုင်ငံသားများကို ၂၀၂၀ ခုနှစ်၊ မေလ (၈) ရက်နေ့ နံနက်ပိုင်းတွင် လက်ခံပေးနိုင်ရန်အတွက် ပြင်ဆင်နေလျက်ရှိသည်။

မေလ(၈)ရက်နေ့ နံနက်ပိုင်းတွင် လက်ခံပေးမည်ဖြစ်သည့်အတွက် မေလ(၇)ရက်နေ့တွင် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦီးချမ်းမြေ့စော နှင့် တာဝန်ရှိသူများက သွားရောက်ကြိုတင်ပြင်ထားကြောင်း သိရသည်။

"ကျွန်တော်တို့ နက်ဖြန်မှာ မိုင်းမောဆိပ်ကမ်းမှာ သွားပြီး လက်ခံပေးမှာ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောသည်။

အဆိုပါ နေရပ်ပြန်များကို တာချီလိတ်တွင် quarantine မထားရှိတော့ဘဲ ယာဉ်လိုင်းများဖြင့် နေရပ်အသီးသီးသို့ တခါတည်း ပြန်လွှတ်မည်ဖြစ်ပြီး မိမိတို့ ဒေသရောက်မှသာ quarantine ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

နေရပ်ပြန်မည့် (၁၇၇)ဦးနှင့် ပတ်သက်၍ ခရိုင်ချင်းဆက် ဆက်သွယ်ညှိနှိုင်းထားချက်အရ နေရပ်ပြန်များကို လာအိုဘက်က  မြန်မာရွာ(ရခိုင်ရွာ)မှ တဆင့် မိုင်းမောဆိပ်ကမ်းအထိ ကားများဖြင့် ပို့ဆောင်ပေးသွားမည်ဖြစ်ပြီး နေရပ်ပြန် မြန်မာနိုင်ငံသားများအနေဖြင့် စက်လှေကူးခသာ ကုန်ကျမည် ဖြစ်ကြောင်း နှင့် တာချီလိတ်သို့ ရောက်သည့်အခါတွင်လည်း မိမိတို့ ဒေသသို့ ပြန်ရန်အတွက် ယာဉ်လိုင်းခသာ ကုန်ကျမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကိုဇင်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~