အင်းစိန်နှင့် တာမွေမှ (၁၄)ဦး ထပ်တိုး၍ မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ (၁၇၆)ဦး ရှိလာ

အင်းစိန်နှင့် တာမွေမှ (၁၄)ဦး ထပ်တိုး၍ မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ (၁၇၆)ဦး ရှိလာ
မေ 7, 2020
By Tachileik News Agency

အင်းစိန်နှင့် တာမွေမှ (၁၄)ဦး ထပ်တိုး၍ မြန်မာနိုင်ငံအတွင်း COVID-19 ကူးစက်ခံရသူ (၁၇၆)ဦး ရှိလာ

ရန်ကုန်မြို့ အင်းစိန်မြို့နယ်မှ အတည်ပြုလူနာ (၁၂) ဦးနှင့် တာမွေမြို့နယ်မှ အတည်ပြုလူနာ (၂)ဦး စုစုပေါင်း (၁၄) ဦး ၂၀၂၀ ခုနှစ်၊ မေလ (၇) ရက်နေ့တွင် ထပ်တိုးတွေ့ရသဖြင့် စုစုပေါင်း အတည်ပြုလူနာ (၁၇၆) ဦးရှိလာပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ပထမအသုတ်စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၈၃) ခု၊ ဆေးသုတေသနဦးစီးဌာနမှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၁၀၂) ခု၊ စုစုပေါင်း (၁၈၅) ခုကို စစ်ဆေးခဲ့ရာ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁၄) ဦး တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာဟောင်းများ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ (၁၂) ဦး ရှိလာသဖြင့် မေလ (၇)ရက်နေ့အထိ ပိုးကင်းစင်လာသူ စုစုပေါင်း (၆၂) ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။

၎င်းတို့အနက် (၃၇) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက် ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိကြောင်း သိရသည်။

  Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~