ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ (၁၅)လုံး အမိုးလန်ပျက်စီး

ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ (၁၅)လုံး အမိုးလန်ပျက်စီး
မေ 11, 2020
By Tachileik News Agency
ရှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အဆောက်အအုံ (၁၅)လုံး အမိုးလန်ပျက်စီး

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ကဒူးကြီးကျေးရွာအုပ်စုတွင် မိုးသက်လေပြင်း တိုက်ခတ်မှုဒဏ်ကြောင့် နေအိမ်နှင့် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အဆောက်အအုံ စုစုပေါင်း (၁၅)လုံး ပျက်စီးသွားကြောင်း သိရသည်။

မောက်မယ်မြို့နယ်အတွင်း ကဒူးကြီးကျေးရွာအုပ်စု မိုက်ဟိုင်းကျေးရွာ နှင့် ဗန်းမတ်(ကျောင်းနား)ကျေးရွာတွင် ၂၀၂၀ခုနှစ် မေလ(၁၀)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က မိုးသက်လေပြင်းတိုက်ခတ်ခဲ့ခြင်း ဖြစ်သည်။

"ကဒူးကြီးမှာတော့ အိမ်ခြေ(၁၃)လုံး အမိုးလန်ပျက်စီးတယ်၊ ပြီးတော့ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း တစ်ကျောင်းနဲ့ ဘုန်းကြီးကျောင်း အပါအဆိုရင် (၁၅)ပါ၊ မနက်ဖြန်ကို ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့က သွားပြီတော့မှ အမိုးလန်တဲ့ အိမ်တွေကို သွပ်ပြားတို့၊ ဆန် ဆီ ဆားတို့ သွားရောက်ထောက်ပံ့ဖို့ရှိပါတယ်"ဟု မောက်မယ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦဟန်သူရက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁၁)ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် အဆိုပါကျေးရွာများတွင် မြို့နယ်/ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် ရပ်မိရပ်ဖများက ကူညီပေးနေပြီး မေလ(၁၂)ရက်နေ့တွင် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီက ကူညီထောက်ပံ့ပေးနိုင်ရန် စီစဉ်နေကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှု မရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မောက်မယ်ပြန်ဆက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~