တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးပေးရန် (၁၅)ဦးသာ ကျန်

တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးပေးရန် (၁၅)ဦးသာ ကျန်
မေ 22, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှောင်လမ်းအတွက် မြေယာလျော်ကြေးပေးရန် (၁၅)ဦးသာ ကျန် 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မြို့ရှောင်လမ်းဖေါက်လုပ်မည့် ဧရိယာ၌ ပါဝင်သည့်  မြေယာများအတွက် မြေယာလျော်ကြေးယူရန်ကျန်ရှိသူ (၂၂)ဦးအနက် (၇)ဦး၏မြေယာလျော်ကြေးများ  ၂၀၂၀ ခုနှစ် ၊ မေလ (၂၂)ရက်နေ့တွင် ရလာပြီဖြစ်၍ လျော်ကြေးယူရန် (၁၅)ဦးသာ ကျန်ရှိတော့ကြောင်းသိရသည်။

ပြည်နယ်အစိုးရကိုတင်ထားတဲ့ နောက်ထပ် (၇)ဦးရဲ့ မြေယာလျော်ကြေးရလာပြီ။  နေရာအနေနဲ့တော့ (၇)နေရာ၊ လူအနေနဲ့တော့ (၆)ဦးပေါ့။ ဒါကိုပေးလိုက်ရင် နောက်ထပ်ကျန်တာက (၁၅)ဦး။ (၁၅)ဦးမှာမှ အစိုးရမြေနှုတ်လိုက်ရင် မြေယာလျော်ကြေးပေးဖို့ (၁၃)ဦးပဲ ကျန်တော့တယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၂၂)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့ရှောင်လမ်းအတွက် လမ်းဧရိယာတွင် ပါဝင်သွားသည့် မြေယာများအတွက်  တောင်သူ (၁၉၆)ဦးကို မြေယာလျော်ကြေးပေးရမည့် အနက် (၁၇၄)ဦးအား ပေးထားပြီး မေလ (၂၂)ရက်နေ့တွင် နောက်ထပ် (၇)ဦးအတွက် မြေယာလျော်ကြေးရလာခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၈၇၅) သန်း၊ ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၈၈.၈) သန်းတို့ဖြင့် တာချီလိတ်တွင် အရှည် (၄)မိုင်ရှိသည့် မြို့ရှောင်လမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖောက်လုပ်နေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~