မိုင်းဖြတ်မြို့မှ အတည်ပြုလူနာနှင့် လေယာဉ်အတူစီးခဲ့သည့် ကျိုင်းတုံမြို့က စောင့်ကြည့်(၇)ဦးတွင် COVID-19 ရောဂါပိုး မတွေ့ကြောင်း အဖြေထွက်

မိုင်းဖြတ်မြို့မှ အတည်ပြုလူနာနှင့် လေယာဉ်အတူစီးခဲ့သည့် ကျိုင်းတုံမြို့က စောင့်ကြည့်(၇)ဦးတွင် COVID-19 ရောဂါပိုး မတွေ့ကြောင်း အဖြေထွက်
ဧပြီ 19, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့မှ အတည်ပြုလူနာနှင့် လေယာဉ်အတူစီးခဲ့သည့် ကျိုင်းတုံမြို့က စောင့်ကြည့်(၇)ဦးတွင် COVID-19 ရောဂါပိုး မတွေ့ကြောင်း အဖြေထွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မိုင်းဖြတ်မှအတည်ပြုလူနာ (Case 64)နှင့် လေယာဉ် အတူစီးနင်းလာ၍ အသွားအလာကန့်သတ်စောင့်ကြည့် ခံထားရသူ (၇)ဦး၏ ဓါတ်ခွဲအဖြေတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့၌ ဓါတ်ခွဲအဖြေရရှိသည်။

“ဒီနေ့ ရှမ်းရှေ့က ဓါတ်ခွဲအဖြေစောင့်တာ (၇)ဦးပဲရှိတယ်။ အကုန်လုံး Negative ထွက်ပါတယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းဖြတ်မှအတည်ပြုလူနာနှင့် လေယာဉ်အတူစီးနင်းလာသူများ၏ ဓါတ်ခွဲနမူနာများ ပို့စစ်ထားရာမှ ကျန်ရှိသည့် (၇)ဦး၏ အဖြေကို ဧပြီလ (၁၉)ရက်နေ့တွင် ရရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကျိုင်းတုံဆေးရုံ၌ တာချီလိတ် နှင့် မိုင်းဖြတ်မှ အတည်ပြုလူနာ (၂)ဦးကို ကုသပေးနေလျက်ရှိသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~