ဧပြီလ(၁၉)ရက်နေ့တွင် COVID-19 ကူးစက်ခံရသူ တစ်ဦးထပ်တိုး၊ (၇)ဦးမှာ ပြန်လည်သက်သာ

ဧပြီလ(၁၉)ရက်နေ့တွင် COVID-19 ကူးစက်ခံရသူ တစ်ဦးထပ်တိုး၊ (၇)ဦးမှာ ပြန်လည်သက်သာ
ဧပြီ 19, 2020
By Tachileik News Agency

ဧပြီလ(၁၉)ရက်နေ့တွင် COVID-19 ကူးစက်ခံရသူ တစ်ဦးထပ်တိုး၊ (၇)ဦးမှာ ပြန်လည်သက်သာ

မြန်မာနိုင်ငံအတွင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့ ည(၈)နာရီအထိ ဓါတ်ခွဲစစ်ဆေးမှုအရ COVID-19 လူနာ (၁)ဦး ထပ်တိုးတွေ့ရသဖြင့် အတည်ပြုလူနာ (၁၀၈) ဦးရှိလာပြီဖြစ်ပြီး ပြန်လည်သက်သာလာသူ (၇)ဦးရှိနေပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ခွဲနမူနာ (၁၈၈) ခုကို ဧပြီလ (၁၉)ရက်နေ့တွင်  ပမထအသုတ်အဖြစ် စစ်ဆေးရာ (၁) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရသော်လည်း ကျန်(၁၈၇) ဦးတွင် ပိုးမတွေ့ရကြောင်း အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနက သတင်းထုတ်ပြန်သည်။

 COVID-19 အတည်ပြုလူနာများအနက် ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိသော Case-003၊ Case-004၊ Case-007၊ Case-009၊ Case-012၊ Case-011 နှင့် Case-015 တို့မှာ သက်သာလာပြီး Case-004 နှင့် Case-007 တို့သည် ဆေးရုံမှဆင်းခွင့်ရရှိသွား၍ အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~