လေကြောင်းလိုင်း (၄)ခုက ပြည်တွင်းခရီးစဉ်များကို ဧပြီလ (၃၀)ရက်နေ့အထိ ရပ်ဆိုင်းထားမည်

လေကြောင်းလိုင်း (၄)ခုက ပြည်တွင်းခရီးစဉ်များကို ဧပြီလ (၃၀)ရက်နေ့အထိ ရပ်ဆိုင်းထားမည်
ဧပြီ 18, 2020
By 🌸
လေကြောင်းလိုင်း (၄)ခုက ပြည်တွင်းခရီးစဉ်များကို ဧပြီလ (၃၀)ရက်နေ့အထိ ရပ်ဆိုင်းထားမည်

ပြည်တွင်းခရီးစဉ်များ ပျံသန်းပြေးဆွဲမှု ခေတ္တရပ်ဆိုင်းမှုအား Air KBZ မှလွဲ၍ ကျန်လေကြောင်းလိုင်း (၄)ခုက ၂၀၂၀ ခုနှစ် ဧပြီလ (၃၀) ရက်နေ့အထိ ထပ်တိုးလိုက်ကြောင်း လေကြောင်းလိုင်းအသီးသီးက ကြေငြာလာကြသည်ကို တွေ့ရသည်။

ပြည်တွင်းလေကြောင်းလိုင်းအားလုံး ခရီးစဉ်များပျံသန်းပြေးဆွဲခြင်းကို ဧပြီလ (၁၁)ရက်နေ့မှ ဧပြီလ (၁၈)ရက်နေ့အထိ ခေတ္တရပ်ဆိုင်းထားပြီး ဧပြီလ (၁၉)ရက်နေ့တွင်  ပြန်လည်ပြေးဆွဲမည်ဟု  ကြေငြာထားရာမှ မြန်မာအမျိုးသားလေကြောင်းလိုင်း၊ Air Than Lwin ၊ Golden Myanmar Airlineနှင့် မန်းရတနာပုံလေကြောင်းလိုင်းများက ခရီးစဉ်ပြေးဆွဲခြင်းကို ဧပြီလ (၃၀)ရက်နေ့အထိ ထပ်တိုးရပ်ဆိုင်းလိုက်ကြခြင်းဖြစ်သည်။

အဆိုပါလေကြောင်းလိုင်း (၄)ခုတွင် ဧပြီလ (၁၉)ရက်နေ့မှ ဧပြီလ (၃၀)ရက်နေ့အတွင်း ခရီးစဉ်ဝယ်ယူထားသူများအနေဖြင့် ခရီးစဉ် ရက်ရွှေ့ပြောင်းလိုပါက အခမဲ့ ရွှေ့ပြောင်းပေးခြင်းနှင့် လက်မှတ်ခများ ပြန်လည်ထုတ်ယူလိုသူများအတွက် လက်မှတ်ဖိုးအပြည့်အဝပြန်လည်ပေးဆောင်ခြင်းများ ပြုလုပ်ပေးမည်ဖြစ်၍ မိမိတို့ လက်မှတ်ဝယ်ယူထားသည့်နေရာများသို့ ပြန်လည်ဆက်သွယ် ဆောင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 Air KBZ က ဧပြီလ (၁၈)ရက်နေ့အထိ ခရီးစဉ်များ ခေတ္တရပ်နားထားမည့်ကြေငြာချက်မှလွဲ၍ ဧပြီလ (၁၈)ရက်နေ့ညနေအထိ ခရီးစဉ်ရွှေ့ဆိုင်းခြင်းနှင့်ပတ်သက်၍ ထပ်မံကြေငြာထားခြင်းမရှိသည်ကို တွေ့ရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~