တာချီလိတ်၌ ဈေးများအားလုံး ပိတ်ထားသည့် ကာလအတွင်း ယာယီဈေးနှစ်ခုတွင် ဧပြီလ(၁၉)ရက်နေ့ နံနက်က စ၍ ဟင်းသီးဟင်းရွက်နှင့် သားငါးများ ရောင်းချပေးနေ

တာချီလိတ်၌ ဈေးများအားလုံး ပိတ်ထားသည့် ကာလအတွင်း ယာယီဈေးနှစ်ခုတွင် ဧပြီလ(၁၉)ရက်နေ့ နံနက်က စ၍ ဟင်းသီးဟင်းရွက်နှင့် သားငါးများ ရောင်းချပေးနေ
ဧပြီ 19, 2020
By Tachileik News Agency
တာချီလိတ်၌ ဈေးများအားလုံး ပိတ်ထားသည့် ကာလအတွင်း ယာယီဈေးနှစ်ခုတွင် ဧပြီလ(၁၉)ရက်နေ့ နံနက်က စ၍ ဟင်းသီးဟင်းရွက်နှင့် သားငါးများ ရောင်းချပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဟင်းသီးဟင်းရွက်၊ သားငါး ယာယီဈေးအဖြစ် ရှမ်းရိုးမကွင်းနှင့် ရှမ်းရှေ့တန်ဆောင်တိုင်ကွင်းတို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့မှစ၍ ရောင်းချနေပြီဖြစ်သည်။

အာခါဈေး၊  ပါလျံ (၃) ဈေး၊ ပါလျံ (၁) ဈေး၊ ဆေခမ်းဈေးများမှ သားငါးဟင်းသီးဟင်းရွက်  ဈေးသည်များကို ဝိန်းကျောက်ရပ်ကွက်ရှိ ရှမ်းရှေ့တန်ဆောင်ကျောင်းရှေ့ကွင်းပြင်တွင်လည်းကောင်း၊ ဝမ်ကောင်းဈေး၊ ပုန်းထွန်ဈေး၊ ဆန်ဆိုင်းဈေး၊ ဘုရင်နောင်ဈေးနှင့် ရွှေမြေသာယာဈေးမှ သားငါး ဟင်းသီးဟင်းရွက် ဈေးသည်များကို ရှမ်းရိုးမကွင်းတွင်လည်းကောင်း  ရောင်းချခွင့်ပေးထားခြင်းဖြစ်သည်။

အဆိုပါ ယာယီဈေးနေရာများတွင် နေ့စဉ် နံနက် (၅)နာရီမှ နေ့လယ် (၁၁)နာရီအထိ ရောင်းချခွင့်ပြုထားပြီး ဈေးများတွင် အဝတ်အထည်၊ ကုန်ခြောက်ဆိုင်ခန်းများ ပုံမှန်အတိုင်းရောင်းချခွင့်ပြုထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~