တာချီလိတ်မြို့တွင် ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးသည်များကို ရှမ်းရိုးမကွင်းနှင့် ရှမ်းရှေ့တန်ဆောင်ကွင်းအတွင်း ဧပြီလ(၁၉)ရက်နေ့က စ၍ ရောင်းချခွင့်ပြုမည်

တာချီလိတ်မြို့တွင် ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးသည်များကို ရှမ်းရိုးမကွင်းနှင့် ရှမ်းရှေ့တန်ဆောင်ကွင်းအတွင်း ဧပြီလ(၁၉)ရက်နေ့က စ၍ ရောင်းချခွင့်ပြုမည်
ဧပြီ 19, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးသည်များကို ရှမ်းရိုးမကွင်းနှင့် ရှမ်းရှေ့တန်ဆောင်ကွင်းအတွင်း ဧပြီလ(၁၉)ရက်နေ့က စ၍ ရောင်းချခွင့်ပြုမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဈေးများကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည် ဖွင့်လှစ်မည်ဖြစ်ပြီး ဟင်းသီးဟင်းရွက်နှင့် သားငါးဈေးသည်များကို ရှမ်းရိုးမကွင်းနှင့် ရှမ်းရှေ့တန်ဆောင်ကွင်းတို့တွင် သတ်မှတ်နေရာများ၌ ရောင်းချခွင့်ပေးမည်ဖြစ်သည်။

“မနက်ဖြန် ကျွန်တော်တို့ ဈေးတွေကို ပြန်ဖွင့်ခွင့်ပေးပါတယ်။ ကုန်ခြောက်နဲ့ အဝတ်အထည်တွေကို ဆိုင်ခန်းမှာ ရောင်းခွင့်ပေးပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ အသားငါးကတော့ ရှမ်းရိုးမကွင်းမှာ သတ်မှတ်ထားတဲ့နေရာတွေမှာ စလစ်စာရွက်လေးတွေနဲ့အတူ လာရောက်ရောင်းချခွင့်ပေးပါမယ်။ လက်ရှိဈေးများမှာ ပုံမှန်ဈေးရောင်းချနေတဲ့ ဟင်းသီးဟင်းရွက်နဲ့ သားငါးဈေးသည်တွေကိုပဲ  ရောင်းချခွင့်ပြုတာ ဖြစ်ပါတယ်”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အာခါဈေး၊  ပါလျံ (၃) ဈေး၊ ပါလျံ (၁) ဈေး၊ ဆေခမ်းဈေးများမှ သားငါးဟင်းသီးဟင်းရွက်  ဈေးသည်များအနေဖြင့် ဝိန်းကျောက်ရပ်ကွက်ရှိ ရှမ်းရှေ့တန်ဆောင်ကျောင်းရှေ့ကွင်းပြင်တွင် လည်းကောင်း၊ ဝမ်ကောင်းဈေး၊ ပုန်းထွန်ဈေး၊ ဆန်ဆိုင်းဈေး၊ ဘုရင်နောင်ဈေးနှင့် ရွှေမြေသာယာဈေးမှ သားငါး ဟင်းသီးဟင်းရွက် ဈေးသည်များအနေဖြင့် ရှမ်းရိုးမကွင်းတွင်လည်းကောင်း  သက်ဆိုင်ရာဈေးများမှ ဈေးပိုင်ရှင်များနှင့် ဈေးခေါင်းများမှ ပေးထားသည့် စလစ်များဖြင့် ရောင်းချခွင့်ရကြမည်ဖြစ်သည်။

“ဈေးသည်တွေကတော့ နှာခေါင်းစည်း (Mask) တပ်ရမယ်။ လက်အိတ်ဝတ်ရမယ်။ ဈေးဝယ်တွေလည်း Mask ဝတ်မလာရင် ဈေးထဲ ဝင်လို့မရဘူး။ ဈေးရောင်းတဲ့ပတ်လည်မှာလည်း လက်ဆေးဖို့ လုပ်ပေးထားတာတွေရှိတယ်။ ဈေးအဝင်မှာ ကိုယ်အပူချိန်တိုင်းတာဖို့ ကြက်ခြေနီတို့ လူမှုကူညီရေးအဖွဲ့တွေ ရှိမယ်”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သားငါး ဟင်းသီးဟင်းရွက်ဈေးသည်များအတွက် ရှမ်းရိုးမကွင်းတွင် (၆)ပေခြားထားသည့် နေရာပေါင်း (၃၃၅)နေရာ၊ ရှမ်းရှေ့တန်ဆောင်ကွင်းတွင် နေရာပေါင်း (၂၀၀) စီစဉ်ထားပြီး ဈေးများတွင် ရောင်းချနေသည့် ဈေးသည်များကို ဦးစားပေးရောင်းချခွင့်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းရိုးမကွင်းနှင့် ရှမ်းရှေ့တန်ဆောင်ကွင်းတွင် ဈေးရောင်းချခြင်းကို နေ့စဉ် နံနက် (၅)နာရီမှ နေ့လယ် (၁၁)နာရီအထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေသတွင်း COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးဖြစ်ခြင်းမှ လျှော့ချနိုင်ရန် ဈေးများကို ဧပြီလကုန်အထိ ပိတ်ထားပြီး သားငါးနှင့် ဟင်းသီးဟင်းရွက်များကို ဈေးကားလှည့်လည်ရောင်းချခွင့်ပေးရန် စီစဉ်ထားရာမှ သားငါးနှင့် ဟင်းသီးဟင်းရွက်ရောင်းချသည့် ယာယီဈေးနေရာများ ဖန်တီးကာ ဈေးများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်ခွင့်ပေးလာခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~