“ဝ” နိုင်ငံရေးပါတီ(၃)ခုကို ပူးပေါင်းလိုက်ပြီး “ဝ”အမျိုးသားပါတီ အမည်ဖြင့် တည်ထောင်

“ဝ” နိုင်ငံရေးပါတီ(၃)ခုကို ပူးပေါင်းလိုက်ပြီး “ဝ”အမျိုးသားပါတီ အမည်ဖြင့် တည်ထောင်
ဧပြီ 3, 2020
By Tachileik News Agency

“ဝ” နိုင်ငံရေးပါတီ(၃)ခုကို ပူးပေါင်းလိုက်ပြီး “ဝ”အမျိုးသားပါတီ အမည်ဖြင့် တည်ထောင်

“ဝ” နိုင်ငံရေးပါတီ (၃)ခုကို ပူးပေါင်းလိုက်ပြီး “ဝ”အမျိုးသားပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင် မှတ်ပုံတင်အမှတ် (၁၂၈)ဖြင့် ခွင့်ပြုလိုက်ပြီဖြစ်သည်။

ယင်းသို့ခွင့်ပြုလိုက်သဖြင့် ယခင်မှတ်ပုံတင်ထားသည့် “ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ “ဝ” ဒီမိုကရက်တစ်ပါတီနှင့် “ဝ”လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့ကို ဧပြီလ (၂)ရက်နေ့မှစ၍ မှတ်ပုံတင်ထားခြင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ပြီး အဆိုပါ နိုင်ငံရေးပါတီများ ပိုင်ဆိုင်သည့် ပစ္စည်းအားလုံး “ဝ”အမျိုးသားပါတီပိုင်အဖြစ် စာရင်းလွှဲပြောင်းကြရမည်ဖြစ်သည်။

 “ဝ” အမျိုးသားစည်းလုံးညီညွတ်ရေးပါတီကို ၂၀၁၀ ခုနှစ်၊ မေလ (၂၁)ရက်နေ့က နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ် (၁၀)ဖြင့်လည်းကောင်း၊  “ဝ” ဒီမိုကရက်တစ်ပါတီကို ၂၀၁၀ ခုနှစ်၊ ဇွန်လ (၂)ရက်နေ့က နိုင်ငံရေးပါတီမှတ်ပုံတင်အမှတ် (၂၉)ဖြင့်လည်းကောင်း၊ “ဝ”လစ်ဘရယ်ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်နေ့တွင် နိုင်ငံရေးပါတီ မှတ်ပုံတင်အမှတ် (၃၁)ဖြင့်လည်းကောင်း အသီးသီးတည်ထောင်ခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~