ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ကွယ်လွန်

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ကွယ်လွန်
ဧပြီ 2, 2020
By Tachileik News Agency
ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်း ကွယ်လွန်

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည် ၂၀၂၀ခုနှစ် ဧပြီလ(၂)ရက်နေ့အကူး ( ဝဝးဝ၅)နာရီအချိန်က ကွယ်လွန်သွားကြောင်း သိရသည်။

အသက်(၅၇)ခုနှစ်ရှိ ဦးတင်ဝင်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင်ဖြစ်ပြီး မိုင်းယန်းမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းတင်သည် ကုန်းလမ်းပို့ဆောင်ရေးကော်ပိုရေးရှင်း၏ အငှားယာဉ်ဌာနတွင် လည်းကောင်း၊ မိုင်းယန်းမြို့ မိုင်းလွေ RTC တွင် လက်ထောက်ကျန်းမာရေးမှူးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းသည် ၂၀၁၀ ရွေးကောက်ပွဲကာလက မိုင်းယန်းမဲဆန္ဒနယ်မြေကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသူလည်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~