တာချီလိတ်မှ အခြေခံလူတန်းစားများကို သင်္ကြန်ကာလ စားနပ်ရိက္ခာပံ့ပိုးရေး ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖ၊ လုပ်ငန်းရှင်များ ပူးပေါင်းစီစဉ်နေ

တာချီလိတ်မှ အခြေခံလူတန်းစားများကို သင်္ကြန်ကာလ စားနပ်ရိက္ခာပံ့ပိုးရေး ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖ၊ လုပ်ငန်းရှင်များ ပူးပေါင်းစီစဉ်နေ
ဧပြီ 8, 2020
By Tachileik News Agency

တာချီလိတ်မှ အခြေခံလူတန်းစားများကို သင်္ကြန်ကာလစားနပ်ရိက္ခာပံ့ပိုးရေး ဒေသအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့မိမြို့ဖ၊ လုပ်ငန်းရှင်များ ပူးပေါင်းစီစဉ်နေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ပေါ်  ရပ်ကွက်များတွင် မဟာသင်္ကြန်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများနှင့် ဆွမ်းခက်ခဲနိုင်သော ဘုန်းကြီးကျောင်းများ၊ ပရဟိတဂေဟာများအား ထောက်ပံ့လှူဒါန်းရန်အတွက် တာချီလိတ်ခရိုင်/မြို့နယ် စီမံခန့်ခွဲမှုကော်မတီက ဦးဆောင်ကာ မြို့မိမြို့ဖများနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ စီစဉ်နေကြောင်း သိရသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များရှိ အိမ်ထောင်စု ခန့်မှန်း (၃၀၀၀)စာအတွက် အသုံးပြုမည့် ငွေပမာဏအား ထိုင်းဘတ်ငွေ (၁၂)သိန်းအထိ ခန့်မှန်ထားရာ လတ်တလောတွင် ထည့်ဝင်လှူဒါန်းထားကြသည့် ငွေစုစုပေါင်းမှာ ထိုင်းဘတ်ငွေ (၈)သိန်းကျော် ရရှိထားကြောင်း သိရသည်။

အလှူငွေများအား ထည့်ဝင်ရာတွင် တာချီလိတ်မြို့မီးလင်းရေးကော်မတီ(လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း)က ကျပ်သိန်း(၂၀၀)၊  မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရွှေတြိဂံဇုန်)က ဘတ် (၂)သိန်း၊ စံလင်းဖြိုးကုမ္ပဏီမှ ဦးအားတီ + ဒေါ်ခင်ခင်ထွေး မိသားစုက ဘတ်(၁)သိန်း၊  တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်းမှ ဘတ်(၆၀,၀၀၀)၊ GREAT GOLDEN HORSE ကုမ္ပဏီက ဘတ်(၃၀,၀၀၀)၊ မြသဟာဆေးရုံ - အဆွေတော်မိသားစု မှ ကျပ်(၁၀)သိန်း၊   တာချီလိတ်ခရိုင်/မြို့နယ် ကြက်ခြေ EC များက ကျပ် (၅)သိန်း၊ ဖြိုး မီနီမတ်က ကျပ် (၅)သိန်း နှင့် ထာဝရအလင်းတန်းကုမ္ပဏီမှ ဒေါ်လေးမေယော် မိသားစုက ဘတ်(၁၀,၀၀၀) စုပေါင်းကာ တာချီလိတ်ခရိုင်မံခန့်ခွဲမှုကော်မတီသို့ လှူဒါန်းပေးထားခြင်း ဖြစ်သည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုတစ်စုလျှင် ဆန် (၅)ပြည်၊ ဆီ (၁) လီတာ၊ ဆား (၁) ကီလို၊ ပဲ (၂) ကီလိုနှင့် ကြက်သွန် (၁) ပိဿာဆီကို ထောက်ပံ့မည်ဖြစ်ပြီး ဘုန်းကြီးကျောင်း၊ Church ကျောင်းနှင့် ပရဟိတဂေဟာများသို့ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နှင့် ပဲများ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အစီအစဉ်သို့ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးအောင်သူရ ၏ ဖုန်း 095366198 သို့ ဆက်သွယ်မေးမြန်းကာ လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~