တာချီလိတ်မှ အတည်ပြုလူနာ၏ ဇနီးအပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲစစ်ဆေးသူ (၃၇)ဦးတွင် ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေရရှိ

တာချီလိတ်မှ အတည်ပြုလူနာ၏ ဇနီးအပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲစစ်ဆေးသူ (၃၇)ဦးတွင် ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေရရှိ
ဧပြီ 18, 2020
By Tachileik News Agency
တာချီလိတ်မှ အတည်ပြုလူနာ၏ ဇနီးအပါအဝင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲစစ်ဆေးသူ (၃၇)ဦးတွင် ပိုးမတွေ့ကြောင်း ဓါတ်ခွဲအဖြေရရှိ

တာချီလိတ်မြို့မှ အတည်ပြုလူနာ (၁) ဦး၏ ဇနီးဖြစ်သူ ဆရာဝန် အပါအဝင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းပျဉ်း၊ ကျိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းယောင်းတို့မှ ဓါတ်ခွဲနမူနာပို့စစ်ထားသူ (၃၇) ဦးတွင် ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့၌ ဓါတ်ခွဲအဖြေရရှိထားသည်။

ကျန်တဲ့ဟာတွေ အကုန် Negative ဖြစ်တယ်။ ရှမ်းအရှေ့တစ်ခုလုံးပေါ့နော်။ တာချီလိတ်က Positive ဖြစ်တဲ့တစ်ယောက်ကိုတော့ ကျွန်တော်တို့ ခေါ်ယူဖို့ပြင်ဆင်နေပါပြီ

ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ဓါတ်ခွဲနမူနာများတွင် တာချီလိတ်မှ ဓါတ်ခွဲစစ်ဆေးသူ (၃) ဦး၊ မိုင်းဖြတ်ဆေးရုံမှ အတည်ပြုလူနာ (Case 64) ဖြင့် ထိတွေ့ခဲ့သည့် ဆရာဝန်နှင့်ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၁၅)ဦး၊ မိုင်းဖြတ်မှအတည်ပြုလူနာ (Case 64)ဖြင့် လေယာဉ်တစ်စီးထဲ စီးနင်းလာ၍ ကျိုင်းတုံ၌ အသွားအလာ ကန့်သတ်ထားသူ (၁၄)ဦး၊ ကျိုင်းတုံဆေးရုံမှ စောင့်ကြည့်လူနာ (၂)ဦး၊ မိုင်းဖြတ်အတည်ပြုလူနာ (Case 64) ဖြင့် လေယာဉ်အတူစီးနင်းလာသည့် မိုင်းယောင်းဆေးရုံမှ ဆရာဝန်အပါအဝင် ထိတွေ့သူ (၃)ဦးနှင့် မိုင်းဆတ်ဆေးရုံမှ စောင့်ကြည့်လူနာ (၁)ဦးတို့၏ ဓါတ်ခွဲအဖြေတွင် ပိုးမတွေ့ရကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ (Case 64)နှင့် တာချီလိတ်မြို့မှ အတည်ပြုလူနာ (Case 96)တို့ တွေ့ရှိထားပြီး လူနာ (၂)ဦးလုံးကို ကျိုင်းတုံပြည်သူ့ဆေးရုံ၌ ကုသပေးမည်ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~