တာချီလိတ်ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ Quarantine ထားရှိစဉ်ကာလအတွင်း မန္တလေးနှင့် ကျိုင်းတုံမှ ဆရာဝန်များ ဆေးရုံတွင် လာရောက်တာဝန်ယူပေးနေ

တာချီလိတ်ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ Quarantine ထားရှိစဉ်ကာလအတွင်း မန္တလေးနှင့် ကျိုင်းတုံမှ ဆရာဝန်များ ဆေးရုံတွင် လာရောက်တာဝန်ယူပေးနေ
ဧပြီ 19, 2020
By Tachileik News Agency
တာချီလိတ်ပြည်သူ့ဆေးရုံမှ ဝန်ထမ်းများ Quarantine ထားရှိစဉ်ကာလအတွင်း မန္တလေးနှင့် ကျိုင်းတုံမှ ဆရာဝန်များ ဆေးရုံတွင် လာရောက်တာဝန်ယူပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် ဆရာဝန်များအပါဝင် ကျန်းမာရေးဝန်ထမ်း (၂၁) ဦးကို အသွား အလာကန့်သတ်ထားစဉ် ကာလအတွင်း ဆေးရုံတွင် ကုသရေးလုပ်ငန်းများအတွက် မန္တလေးနှင့် ကျိုင်းတုံမှ ဆရာဝန်များက လာရောက်တာဝန်ထမ်းဆောင်ပေးနေကြောင်း သိရသည်။

နံပါတ်တစ်ကတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ (၃)ရက်ကတည်းက အရေးပေါ်ကိစ္စတွေကို ကျိုင်းတုံကို လွှဲနိုင်ဖို့ ပြောထားတယ်။ နံပါတ်နှစ်ကတော့ သာမန်ကိစ္စကတော့ မဖြစ်မနေမှပဲ ဆေးရုံတင်ခိုင်းထားတယ်။ နံပါတ်သုံးအချက်ကတော့ ကျွန်တော်တို့ ရုံးချုပ်ကိုတင်ပြပြီးတော့ မန္တလေးက မေ့ဆေးဆရာဝန်နှင့် ခွဲစိတ်ဆရာဝန်ကို တာချီလိတ်မှာ ခေတ္တယာယီတာဝန်ထမ်းဆောင်ဖို့ တာဝန်ချထားပေးတယ်။ ကျိုင်းတုံက OG ကို တာချီလိတ်မှာ ခေတ္တယာယီ တာဝန်ချထားပေးတယ်။ တာချီလိတ်ဆေးရုံမှာ ဝန်ထမ်းတွေကို Quarantine လုပ်တဲ့အချိန်မှာ ဆေးရုံတစ်ခုလုံးကို ပိုးသတ်ခြင်း လုပ်ငန်းကို ဆောင်ရွက်ထားတယ်

ဟု ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ် အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့  ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မှ အတည်ပြုလူနာ (Case 96) ဆရာဝန်က ရန်ကုန်တွင် ကုသပေးခဲ့သည့် လူနာမှာ အတည်ပြုလူနာဖြစ်နေကြောင်း ဧပြီလ (၁၄) ရက်နေ့က ဓါတ်ခွဲအဖြေထွက်လာသည့်အတွက် အဆိုပါ ဆရာဝန်က ကျန်းမာရေးဌာနသို့ အသိပေးကာ ဧပြီလ (၁၅) ရက်နေ့မှစ၍ နေအိမ်တွင် အသွားအလာ ကန့်သတ်ပြီး ဆရာဝန်အပါအဝင် အတူနေသူ (၃) ဦးလုံးကို ဓါတ်ခွဲစစ်ဆေးမှုခံယူခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆရာဝန်သည် တာချီလိတ်မြို့၏ COVID 19 ကာကွယ်ရေးလုပ်ငန်းများတွင်လည်း ကူညီပေးနေသူဖြစ်၍ ထိတွေ့မှုရှိခဲ့သည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း (၂၁)ဦးကို ယင်းနေ့မှာပင် နေအိမ်အသီးသီး၌ အသွားအလာကန့်သတ်ထားခြင်းဖြစ်သည်။

အသွားအလာကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်း (၂၁) ဦး၏ ဓါတ်ခွဲနမူနာများကို ဧပြီလ (၁၉)ရက်နေ့၌ ရယူပို့ဆောင်သွားမည်ဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~