တာချီလိတ်မြို့ရှိ ဈေးများအားလုံး ဧပြီလ(၃၀)ရက်နေ့အထိ ထပ်တိုး ပိတ်ထားစဉ် ဈေးသည်များက ကားဖြင့် ရပ်ကွက်ထဲ လှည့်လည်ရောင်းချမည်

တာချီလိတ်မြို့ရှိ ဈေးများအားလုံး ဧပြီလ(၃၀)ရက်နေ့အထိ ထပ်တိုး ပိတ်ထားစဉ် ဈေးသည်များက ကားဖြင့် ရပ်ကွက်ထဲ လှည့်လည်ရောင်းချမည်
ဧပြီ 16, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ ဈေးများအားလုံး ဧပြီလ(၃၀)ရက်နေ့အထိ ထပ်တိုး ပိတ်ထားစဉ် ဈေးသည်များက ကားဖြင့် ရပ်ကွက်ထဲ လှည့်လည်ရောင်းချမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ဈေးအားလုံးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၃၀)ရက်နေ့အထိ ထပ်တိုး ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ မြို့ပေါ်၊ ကျေးလက်ဈေးအားလုံးကို ဧပြီလကုန်အထိ ယာယီပိတ်ထားပါတယ်။ ကျွန်တော်တို့ဆီမှာ သားငါး ဟင်းသီးဟင်းရွက် လှည့်လည်ရောင်းချဖို့ စာရင်းလာပေး ထားတာက အယောက် (၂၂)ဦး ရှိပါပြီ။ ဆိုင်ကယ်တွေနဲ့ မရောင်းစေချင်လို့တော့ မဟုတ်ဘူး။ ဆိုင်ကယ်တွေကိုပါ ခွင့်ပြုလိုက်ရင် မြို့ထဲမှာက ဈေးရောင်းတာတွေကို ထိန်းသိမ်းရတာကိုက အတော်အခက်အခဲဖြစ်မှာကြောင့်ပါ”ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးစိုင်းခွန်ဇော်ဦးက ပြောသည်။

တာချီလိတ်မြို့တွင် COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးရှောင်နိုင်ရန် ဈေးအားလုံးကို ဧပြီလ (၁၅)ရက်နေ့မှ ဧပြီလကုန်အထိ ပိတ်ထားစဉ်အတွင်း ရပ်ကွက်များအလိုက် မော်တော်ယာဉ်ဖြင့် အသား/ငါး၊ ဟင်းသီးဟင်းရွက် လှည့်လည်ရောင်းချလိုသူများအနေဖြင့် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနရုံးတွင် လာရောက်စာရင်းပေးသွင်းနိုင်ပြီး ခွင့်ပြုချက်လက်မှတ် ရယူကြရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဈေးရောင်းချသည့် မော်တော်ယာဉ်များအနေဖြင့် နံနက် (၅)နာရီမှ ညနေ (၅)နာရီအတွင်း ရပ်ကွက်များ၌ လှည့်လည်ရောင်းချခွင့်ရကြမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မလိုအပ်ဘဲ အပြင်ထွက်သွားလာခြင်း မပြုရန်အတွက် နေ့စဉ် စိစစ်တားမြစ်မှုများ ပြုလုပ်သွားမည်ဖြစ်ရာ ဈေးကားရောင်းလိုသူများ အနေဖြင့် စည်ပင်သာယာရေးဌာန၏ ခွင့်ပြုချက်ဗီနိုင်းပါဝင်မှသာ သွားလာခွင့် ရမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့ စည်ပင်သာယာရေးနယ်နိမိတ်အတွင်း COVID 19 ရောဂါကူးစက်မှုထိန်းချုပ်ရေးနှင့် လူစုလူဝေး မဖြစ်ပေါ်စေရေး ဒေသတွင်း ညှိနှိုင်းသဘောတူညီချက်အရ ဈေးအားလုံးကို ပိတ်သိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~