ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား (၁၈၇)ဦး လွတ်မြောက်လာ

ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား (၁၈၇)ဦး လွတ်မြောက်လာ
ဧပြီ 17, 2020
By Tachileik News Agency
  ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းသား (၁၈၇)ဦး လွတ်မြောက်လာ

နိုင်ငံတော်သမ္မတ၏ နှစ်သစ်ကူး ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ မိုင်းဆတ်အကျဉ်းထောင်မှ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇) ရက်နေ့တွင် မြန်မာနိုင်ငံသား အကျဉ်းသား (၁၄၇) ဦးနှင့် အကျဉ်းသူ (၄၀) ဦး စုစုပေါင်း (၁၈၇)ဦး လွတ်မြောက်လာသည်။

နိုင်ငံအတွင်း အကျဉ်းထောင်၊ အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသူများကို နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ၌  မြန်မာနိုင်ငံသား(၂၄၈၆၉) ဦးနှင့်  နိုင်ငံခြားသား (၈၇)ဦး လွတ်မြောက်လာသည့်အနက် မိုင်းဆတ်အကျဉ်းထောင်မှ အကျဉ်းကျသူ ( ၁၈၇)ဦး ပါဝင်လာခြင်းဖြစ်သည်။

အဆိုပါ ပြစ်ဒဏ်လွတ်မြောက်သူများအား အကျဉ်းဦးစီးဌာနမှ စားစရိတ်နှင့် ခရီးစရိတ်ငွေကျပ် (၁၀)သိန်းကျော်နှင့် အကျဉ်းဦးစီးဌာန၏ စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် အကျဉ်းသား (၆)ဦးအား လုပ်အားရှင် ခံစားခွင့်ငွေကျပ် (၂၇၀,၀၀၀)ကျော် ထောက်ပံ့ပေးအပ်သည်။

ယင်းအပြင် နယ်မြေခံတပ်မတော်စစ်ဆေးရုံမှ ဗိုလ်ကြီးဝင်းဘိုဘို ဦးဆောင်သော တပ်မတော်သားများက ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ မြို့နယ်ဆရာဝန်ကြီး  ဒေါက်တာအောင်ဇေယျ ဦးဆောင်သော ကျန်းမာရေး ဝန်ထမ်းများက COVID-19 အသိပညာပေးဟောပြောပြီး Mask နှင့် အသိပညာပေးလက်ကမ်စာစောင်များ ဖြန့်ဝေပေးခြင်း၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က အားပေးစကားပြောကြားခြင်းများ  ဆောင်ရွက်သည်။

အကျဉ်းကျသူများအနေဖြင့် မိမိတို့နေရပ်ဒေသအရောက်တွင်  သက်ဆိုင်ရာဒေသအာဏာပိုင်အဖွဲ့အစည်းထံသတင်းပို့ကြရန်နှင့် Quarantine ခံယူကြရန်မှာကြားပြီး ရပ်ဝေးမှ အကျဉ်းသား(၁၄၂)ဦးအား နေရပ်ပြန်နိုင်ရေး မော်တော်ယာဉ်နှင့် နေ့လည်စာ ထမင်းထုပ်များ စီစဉ်ပေးသည်ကို တွေ့ရသည်။

Tachileik News Agency
သတင်း - သန်းဇော်(မိုင်းဆတ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~