မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသားနှင့်နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၂၄,၉၈၃)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသားနှင့်နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၂၄,၉၈၃)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ဧပြီ 17, 2020
By Tachileik News Agency

မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံသားနှင့်နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၂၄,၉၈၃)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ

နိုင်ငံတော်သမ္မတက မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်အသီးသီးမှ မြန်မာနိုင်ငံသား နှင့် နိုင်ငံခြားသား အကျဉ်းသား စုစုပေါင်း (၂၄,၉၈၃)ဦးအား နှစ်ဆန်း(၁)ရက်နေ့ဖြစ်သည့် ၂၀၂၀ခုနှစ် ဧပြီလ(၁၇)ရက်နေ့တွင် စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည်။

အကျဉ်းထောင်နှင့်အကျဉ်းစခန်းအသီးသီးရှိ အကျဉ်းသား အကျဉ်းသူ စုစုပေါင်း မြန်မာနိုင်ငံသား (၂၄,၈၉၆)ဦးကို စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်ခြင်း ဖြစ်သည်။

နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ဆက်ဆံရေးကို ရှေးရှုကာ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသော အားဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အကျဉ်းထောင် နှင့် အကျဉ်းစခန်းအသီးသီးမှ နိုင်ငံခြားသား အကျဉ်းသား နှင့် အကျဉ်းသူ (၈၇)ဦးအား စည်းကမ်းသတ်မှတ်ချက် မထားဘဲ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးလိုက်သည်။

အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင်  ဧပြီလ(၁၇)ရက်နေ့ မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးသူများထဲက သေဒဏ်ပြစ်ဒဏ်ကျခံရသူများကို‌ လွတ်ရက်မရှိ ထောင်ဒဏ် တစ်သက်သို့ လည်းကောင်း၊ နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက် ပြစ်ဒဏ်ကျခံနေရသူများကို ထောင်ဒဏ် နှစ်(၄၀)သို့ လျှော့ပေါ့ကျခံစေရန် သတ်မှတ်ထာပြီး ယခင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်များအရ သေဒဏ်မှ ထောင်ဒဏ် တစ်သက်သို့ ပြောင်းလဲထားသူများ မပါဝင်ကြောင်း နှင့် ထောင်ဒဏ် နှစ်(၄၀)အထက် ကျခံနေရသူများကို ထောင်ဒဏ် နှစ်(၄၀)သို့ လျှော့ပေါ့ ကျခံရန်၊ ထောင်ဒဏ်နှစ် (၄၀)နှင့်အောက် ကျခံနေရသူများကို ယင်းတို့ ကျခံနေရသော ထောင်ဒဏ်၏ လေးပုံတစ်ပုံအား လျှော့ပေါ့ကျခံစေရန် အမိန့်ထုတ်ပြန်ထားရှိသည်။

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့ကလည်း နိုင်ငံတော်သမ္မတ၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်တွင် နိုင်ငံသားအကျဉ်းသား (၉,၅၃၅)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား (၁၆)ဦး စုစုပေါင်း (၉၅၅၁)ဦး ခံစားခွင့်ရရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~