တာချီလိတ်မြို့ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က နှစ်ဆန်းတစ်ရက်နေ့ ကျောင်းတက်ခြင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေး မေတ္တာရပ်ခံ

တာချီလိတ်မြို့ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က နှစ်ဆန်းတစ်ရက်နေ့ ကျောင်းတက်ခြင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေး မေတ္တာရပ်ခံ
ဧပြီ 16, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ  ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က နှစ်ဆန်းတစ်ရက်နေ့ ကျောင်းတက်ခြင်း ပိတ်ထားမည်ဖြစ်ကြောင်း အသိပေး မေတ္တာရပ်ခံ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ  ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင်  မြန်မာနှစ်ဆန်းတစ်ရက်နေ့ ကျောင်းတက် ကန်တော့ခြင်းကို COVID 19 ရောဂါကြောင့် ၂၀၂၀ ခုနှစ်တွင် ပြုလုပ်တော့မည် မဟုတ်ဘဲ ကျောင်းတိုက် အဝင်အထွက်ကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

အားလုံး ဒကာ ဒကာမများနှင့် ကမ္ဘာသူ/သားများ၊ နှစ်ဟောင်းကုန်ပျောက် နှစ်သစ်မင်္ဂလာ ရောက်သည့်အခါဝယ် နှစ်သစ်မှာလည်း မိမိတို့ စိတ်အကြံရှိတိုင်း မဆိုင်းမတွ အားလုံးပြီးပြည့်စုံ အောင်မြင်ကြပါစေ။ အထူးအားဖြင့် ကပ်ကြီးသုံးဖြာမှ ကမ္ဘာသူ/သားများ အားလုံး လွတ်မြောက်နိုင်ကြပါစေလို့ အထူးဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်

ဟု ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က အထူးအသိပေး မေတ္တာရပ်ခံစာတွင် ဖေါ်ပြထားသည်။

COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးပြုလုပ်ခြင်းကို ရှောင်ရှားကြရမည်ဖြစ်ရာ ကျောင်းတက်ကန်တော့ခြင်းကို မကျင်းပတော့ခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~