တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က မြို့နယ်အတွင်း ဆွမ်းအခက်အခဲရှိသော ကျောင်းတိုက်များ နှင့် အိမ်ထောင်စု (၄၈၀)အတွက် ဘတ်(၁၀)သိန်း ကျော်ဖိုး စားနပ်ရိက္ခာများ လှူဒါန်း

တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က မြို့နယ်အတွင်း ဆွမ်းအခက်အခဲရှိသော ကျောင်းတိုက်များ နှင့် အိမ်ထောင်စု (၄၈၀)အတွက် ဘတ်(၁၀)သိန်း ကျော်ဖိုး စားနပ်ရိက္ခာများ လှူဒါန်း
ဧပြီ 14, 2020
By Tachileik News Agency
တာချီလိတ်မြို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်က မြို့နယ်အတွင်း ဆွမ်းအခက်အခဲရှိသော ကျောင်းတိုက် (၅၀)ကျော် နှင့် အိမ်ထောင်စု (၄၈၀)အတွက် ဘတ်(၁၀)သိန်း ကျော်ဖိုး စားနပ်ရိက္ခာများ လှူဒါန်း

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း ဆွမ်းအခက်အခဲရှိသော ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက် (၅၀)ကျော်နှင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုပေါင်း (၄၈၀)အတွက် တာချီလိတ်မြို့ရှိ  ငွေတောင်ဦး ကမ္မဌာန်းကျောင်းတိုက်က စုစုပေါင်း ထိုင်းဘတ်ငွေ (၁,၀၁၀,၁၃၀) ဘတ် တန်ဖိုးရှိ စားနပ်ရိက္ခာများ ပံ့ပိုးကူညီသည်။

ငွေတောင်ဦး ကမ္မဌာန်းကျောင်းတိုက်မှ ဦးစီးပဓာန နာယကဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ ကမ္မဋ္ဌာနာစရိယ၊ မဟာကမ္မဋ္ဌာနာစရိယ၊ Ph.D ( Vipassana Bhavana MCU ) (Thailand) အဂ္ဂမဟာ ကမ္မဋ္ဌာနာ စရိယ ဒေါက်တာ ဘဒ္ဒန္တဝိရောစနသည် COVID 19 ကာလအတွင်း တာချီလိတ် မြို့နယ် အတွင်းရှိ ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များ အနက် ဆွမ်းအခက် အခဲရှိနိုင်သော ဘုန်းကြီး ကျောင်းများ၊ စာသင်တိုက်များ နှင့် သီလရှင်ကျောင်းများကို သာသနာရေးဦးစီးဌာနမှ တစ်ဆင့် စာရင်းရယူရာ စုစုပေါင်း (၅၃)ကျောင်း စာရင်းရရှိကြောင်း သိရသည်။

အဆိုပါ ဆွမ်းအခက်အခဲရှိသော ဘုန်းကြီးကျောင်းများနှင့် စာသင်တိုက်များအတွက် စုစုပေါင်း ဆန်အိတ် (၈၇)အိတ်၊ ဆီ (၈၇)ဖာ၊ ခေါက်ဆွဲ (၈၇)ဖာ၊ သင်္ကန်း (၅၃၉)စုံ၊ သီလရှင်ဝတ်စုံ (၅၅)စုံ၊ ဆား (၈၇)ဆွဲ၊ ကြက်ဥ (၈၇)ကဒ်၊ တရားစာအုပ် (၅၃)စုံ၊ တရားခွေ (၁၀၆)ခွေနှင့် ငါးသေတ္တာ (၃၆၈) ကဒ်တို့ကို ပေးလှူရာ နယ်မြေခံတပ်မတော်က ဧပြီလ (၁၄)ရက်နေ့က စ၍ ကျောင်းတိုက်များအရောက် ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

ယင်းနောက် တာချီလိတ်မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၄၅၀) အတွက် အိမ်ထောင်စု တစ်စုလျှင် ဆန် (၁)အိတ်၊ ဆီဗူး (၄)ဗူး၊ ဆား (၁) ဆွဲ၊ ခေါက်ဆွဲ (၁) ဖာ၊ ကြက်ဥ (၁) ကဒ်၊ တရားစာအုပ် (၄) အုပ်နှင့် တရားခွေ (၂) ခွေစီဖြင့် ပံ့ပိုးပေးထားခြင်းဖြစ်သည်။

တာချီလိတ်တွင် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် မြို့မိမြို့ဖ၊ လုပ်ငန်းရှင်များအဖွဲ့မှ စေတနာရှင်များနှင့် ပူးပေါင်း၍ စားနပ် ရိက္ခာများ ပံ့ပိုးပေးသည့် အစီအစဉ်သို့ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်မှ ပူးပေါင်းပါဝင်သည့် အနေဖြင့် အိမ်ထောင်စု (၃၀၀)စာကို ဆရာတော်မှ တဆင့်ပေးအပ်လှူဒါန်းလိုက်ပြီး ကျန်ရှိသည့် အိမ်ထောင်စု(၁၅၀)အား ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်၏ အကျိုးတော်ဆောင်များက မိမိတို့ အစီအစဉ်ဖြင့် ပေးဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယင်းအပြင် ကျောင်းတွင်း သံဃာ၊ ယောဂီများနှင့် မြို့တွင်းမှ သက်ကြီးရွယ်အိုများအား ပျားရည်ဗူး (၅၅၀) လှူဒါန်းပေးထားကြောင်း သိရသည်။

တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက်ရှိ ငွေတောင်ဦးကမ္မဌာန်းကျောင်းတိုက်တွင် ရဟန်းသာမဏေ အပါး(၇၀)၊ အမျိုးသမီးယောဂီ (၅၄)ဦး နှင့် ဝေယျာဝစ္စကျောင်းသား (၄၇)ဦးရှိသည့် ကျောင်းတိုက်တစ်ခုဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~