မိုင်းတုံမြို့မှ ဒုတိယမြောက် စောင့်ကြည့်လူနာ၏ ဓါတ်ခွဲနမူနာကို ကျိုင်းတုံကတဆင့် ပို့စစ်ထား

မိုင်းတုံမြို့မှ ဒုတိယမြောက် စောင့်ကြည့်လူနာ၏ ဓါတ်ခွဲနမူနာကို ကျိုင်းတုံကတဆင့် ပို့စစ်ထား
ဧပြီ 3, 2020
By Tachileik News Agency
မိုင်းတုံမြို့မှ ဒုတိယမြောက် စောင့်ကြည့်လူနာ၏ ဓါတ်ခွဲနမူနာကို ကျိုင်းတုံကတဆင့် ပို့စစ်ထား

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့တွင် ဒုတိယမြောက် COVID 19  စောင့်ကြည့်လူနာတစ်ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့က တွေ့ရသဖြင့် ဓါတ်ခွဲနမူနာပို့စစ်ထားကြောင်း သိရသည်။

သူက လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးလုပ်တယ်။ ဒီဘက်မှာ နေရပ်ပြန်တွေ ဝင်လာကြတာတွေရှိတော့ သူတို့ဆီမှာ ဝင်ထိုင်ကြတာတွေရှိတယ်တဲ့။ မနေ့က စဖျားတယ်။ ဓါတ်ခွဲနမူနာ ကျိုင်းတုံကတစ်ဆင့် ပို့ထားပါပြီ

ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာသက်ခိုင်မင်းကတာချီလိတ်သတင်းအေဂျင်စီသို့  ဧပြီလ(၂)ရက်နေ့က  ပြောသည်။

အဆိုပါ စောင့်ကြည့်လူနာမှာ အသက် (၁၅)နှစ်အရွယ် မိန်းကလေးဖြစ်ပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ပင်းနာခြင်း လက္ခဏာများတွေ့ရပြီး ရောဂါဖြစ်ပွားရာဒေသများမှ ပြန်လာသူများနှင့် ထိတွေ့ဖွယ်ရှိ၍ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းတုံမြို့နယ်တွင် မတ်လ (၂၆)ရက်နေ့က အမျိုးသားလူနာတစ်ဦးအား စောင့်ကြည့်သတ်မှတ်ပြီး ဓါတ်ခွဲနမူနာပို့စစ်ခဲ့ရာ COVID 19 ပိုးမတွေ့ရကြောင်း မတ်လ (၃၀)ရက်နေ့တွင် ဓါတ်ခွဲအဖြေရရှိထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~