အထူးဒေသ (၄)တွင် သင်္ကြန် ရေပက်ကစားခြင်း အပါအဝင် လူစုလူဝေးဖြစ်စေသည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ ခွင့်မပြု

အထူးဒေသ (၄)တွင် သင်္ကြန် ရေပက်ကစားခြင်း အပါအဝင် လူစုလူဝေးဖြစ်စေသည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ ခွင့်မပြု
ဧပြီ 3, 2020
By Tachileik News Agency
အထူးဒေသ (၄)တွင် သင်္ကြန် ရေပက်ကစားခြင်း အပါအဝင် လူစုလူဝေးဖြစ်စေသည့် မည်သည့်လုပ်ဆောင်ချက်ကိုမှ ခွင့်မပြု

ရှမ်းပြည်နယ်(အရှေ့ပိုင်း) အထူးဒေသ (၄) အတွင်း COVID 19 ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့မှ ဧပြီလ (၃၀)ရက်နေ့အထိ သင်္ကြန်ရေကစားခြင်း အပါအဝင် ဘာသာရေး၊ လူမှုရေး လူစုလူဝေး မည်သည့် ပွဲလမ်းသဘင်ကိုမှ ကျင်းပခွင့် မပြုကြောင်း ထုတ်ပြန်ထားသည်။

အထူးဒေသ (၄)၏ ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းဦးစီးအဖွဲ့က မတ်လ (၃၀)ရက်နေ့ နေ့စွဲဖြင့် လိုက်နာရမည့် အချက် (၁၀)ချက်ကို ထုတ်ပြန်ထားသည်။

ဒေသတွင်း သင်္ကြန်မဏ္ဍပ်များတည်ဆောက်ခြင်းခွင့်မပြုသည့်အပြင် အများပြည်သူ သွားလာရာနေရာတွင် ရေကစားခြင်းကို ခွင့်မပြုဘဲ မိမိတို့ကျေးရွာ၊ ဒေသအလိုက် ဘုန်းကြီးကျောင်းများ၌ ဝင်ထွက်သွားလာမှု ထိန်းချုပ်ခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းတို့ကို ဆောင်ရွက်ထားပြီး ရိုးရာအစဉ်အလာအရ သင်္ကြန်ဆုတောင်းပွဲ ကျင်းပနိုင်ကြောင်း သိရသည်။

ပွဲလမ်းသဘင် ခင်းကျင်းခြင်း၊ သူတစ်ပါးအိမ် သွားရောက်လည်ပတ်ခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း၊ မိတ်ဆုံစားပွဲ ပြုလုပ်ခြင်း၊ တိုင်းရင်းသားရိုးရာပွဲလမ်းသဘင်များကျင်းပခြင်း၊ ကံထပ်၊ ရှင်ပြု၊ ရဟန်းခံစသဖြင့် ဘာသာရေးပွဲများ ကျင်းပခြင်း၊ မင်္ဂလာဆောင်၊ မွေးနေ့စသည့် အခမ်းအနားကျင်းပခြင်း၊ ခရစ်ယာဉ်ဘာသာဝင်များ ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းခြင်း၊ သာသနာရေးကျောင်းများတွင် ပြင်ပဧည့်သည်များ လာရောက်တည်းခိုခြင်း၊ ဘုန်းကြီးကျောင်းများတွင် မီးကျည်နှင့် မီးရှုးမီးပန်း ပစ်လွှတ်ခြင်းတို့ကို တားမြစ်ထားသည်။

အဆိုပါ သတိပေးချက်များကို လိုက်နာခြင်းမရှိပါက ဥပဒေအတိုင်း တင်းကျပ်စွာ အရေးယူမည်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~