မိုင်းဖြတ်မြို့တွင် ကျောက်မဲက ပြန်လာသည့် ကလေးငယ်အား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

မိုင်းဖြတ်မြို့တွင် ကျောက်မဲက ပြန်လာသည့် ကလေးငယ်အား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား
ဧပြီ 4, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့တွင် ကျောက်မဲက ပြန်လာသည့် ကလေးငယ်အား စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထား

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဖြတ်မြို့တွင် ကျောက်မဲမှ ပြန်လာသည့် အသက် (၈)နှစ်အရွယ် ကလေးငယ်ကို COVID 19 စောင့်ကြည့်လူနာအဖြစ် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့၌ သတ်မှတ်ထားပြီး မိုင်းဖြတ်ပြည်သူ့ဆေးရုံတွင် ကုသပေးနေပြီး ဓါတ်ခွဲနမူနာ ပို့စစ်မည်ဖြစ်ကြောင်း သိရသည်။

ကလေးကို စောင့်ကြည့်လူနာ သတ်မှတ်လိုက်တာပေါ့။ သူ့အဖေကတော့ ဘာရောဂါလက္ခဏာဘာမှ မပြပေမဲ့ ဆေးရုံတော့ ခေါ်ထားမယ်ထင်တယ်။ သူတို့က ကျောက်မဲက မတ်လ (၂၈)ရက်နေ့က ပြန်လာတာ။ သူတို့ ကျောက်မဲမှာနေတဲ့နေရာနဲ့ ကျောက်မဲက အတည်ပြုလူနာ (case 14) နေတဲ့နေရာကလည်း အဝေးကြီးပါ။ တော်တော်ဝေးပါတယ်

ဟု  ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ရှမ်းပြည်နယ်အရှေ့ပိုင်း ဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၄)ရက်နေ့တွင် ပြောသည်။

အဆိုပါ ကလေးငယ်မှာ မိုင်းဖြတ်မြို့ရှိ ရာဘာခြံတစ်ခုတွင် သားအဖနှစ်ဦး နေထိုင်ကြခြင်းဖြစ်ပြီး ကလေးငယ်တွင် ဖျားခြင်း၊ အန်ခြင်းလက္ခဏာများတွေ့ရသဖြင့် စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကာ ဖခင်ဖြစ်သူကိုလည်း ဆေးရုံတွင် (၁၄)ရက် စောင့်ကြည့်ရန်ခေါ်ဆောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

စောင့်ကြည့်လူနာကလေးငယ်အား မိုင်းဖြတ်မြို့မှ သင်္ဂဟလူမှုကူညီရေးအသင်းက လူနာတင်ယာဉ်ဖြင့် သွားရောက်ခေါ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကိုသာ


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~