မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မှ တာချီလိတ်သို့ စီးနင်းလာသည့်ခရီးသည်တစ်ဦး ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်ပေးရန်လိုအပ်နေ

မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မှ တာချီလိတ်သို့ စီးနင်းလာသည့်ခရီးသည်တစ်ဦး ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်ပေးရန်လိုအပ်နေ
ဧပြီ 18, 2020
By Tachileik News Agency
မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မှ တာချီလိတ်သို့ စီးနင်းလာသည့် ခရီးသည်တစ်ဦး ကျန်းမာရေးဌာနသို့ အမြန်ဆုံး ဆက်သွယ်ပေးရန် လိုအပ်နေ

ဧပြီလ(၁၈)ရက်နေ့တွင် အတည်ပြုလိုက်သည့် တာချီလိတ်မြို့မှ COVID 19 အတည်ပြုလူနာ ဖြစ်သူသည် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၆) ရက်နေ့ နေ့လယ် (၁၁) နာရီက ရန်ကုန်မှ တာချီလိတ်သို့ စီးနင်းလာသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (UB 275) ဖြင့် လိုက်ပါလာသည့်အတွက် အတူလိုက်ပါလာသည့် ခရီးသည်များထဲက တစ်ဦးကို ဧပြီလ(၁၈)ရက်နေ့ ညအထိ ဆက်သွယ်၍ မရသေးကြောင်း တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ သိရသည်။

အတူလိုက်ပါလာသည့် ခရီးသည်များထဲက ရှာဖွေမတွေ့ရှိသေးသည့် ခုံနံပါတ် ( 11 A )ဖြင့် လိုက်ပါစီးနင်းလာသူ မကျင်စန်းညောင် (Kyin San Nyaung) ကို အဆက်အသွယ်မရပါသဖြင့် ကျန်းမာရေးစစ်ဆေးမှု ခံယူနိုင်ရန်အတွက် ဖုန်း 09 452210330 သို့ လည်းကောင်း နီးစပ်ရာကျန်းမာရေးဌာန၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများထံလည်းကောင်း အမြန်ဆုံးဆက်သွယ်ပေးပါရန် ကျန်းမာရေးဌာနမှ အကြောင်းကြားထားသည်။

ဆက်သွယ်၍ ရရှိသူများကို ကျန်းမာရေးက Home Quarantine သတ်မှတ်ပေးထား ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~