Page Nav

HIDE

Page Nav

HIDE

Grid

GRID_STYLE

Grid

GRID_STYLE

Classic Header

{fbt_classic_header}

Header Ad

//

Breaking News

latest

ဆောင်းပါးများ

//

မကွေးတိုင်းအတွင်း မြို့နယ်အသီးသီးရှိ ကျယ်ဝန်းသည့် နေရာများတွင် မနက်ခင်းဈေးများ ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်နေ

မကွေးတိုင်းအတွင်း မြို့နယ်အသီးသီးရှိ ကျယ်ဝန်းသည့်  နေရာများတွင်  မနက်ခင်းဈေးများ ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်နေ မကွေးတိုင်းအတွင်း မြ...

မကွေးတိုင်းအတွင်း မြို့နယ်အသီးသီးရှိ ကျယ်ဝန်းသည့် နေရာများတွင်  မနက်ခင်းဈေးများ ဖွင့်လှစ်ရောင်းချနိုင်ရန် စီစဉ်နေ

မကွေးတိုင်းအတွင်း မြို့နယ်အသီးသီးရှိ နေရာကျယ်ဝန်းသည့် ဘုရားကွင်း၊ ဘောလုံးကွင်း စသည်တို့၌ မနက်ခင်းဈေးများ ဖွင့်လှစ်ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း မကွေးတိုင်းစည်ပင်သာ ယာရေးအဖွဲ့ထံမှ သိရသည်။

“နေရာလေးတွေခြားပြီးတော့ အသား ငါးနဲ့ ဟင်းသီးဟင်းရွက်တွေရောင်းချနိုင်ရေးအတွက် နေရာအကျယ် အဝန်းရှိတဲ့ ဘောလုံးကွင်းလို ဘုရားကွင်းလိုနေရာမျိုးတွေမှာ မနက်ခင်းဈေးလေးတွေဖွင့်နိုင်အောင် ဆောင် ရွက်ကြဖို့ မြို့နယ်အသီးသီးကို ညွှန်ကြားထားပါတယ်။ ဈေးလာဝယ်သူရော ရောင်းသူပါ နှာခေါငးစည်း တွေတပ်လာကြဖို့နဲ့ တပ်လာခြင်းမရှိဘူးဆိုရင် ဈေးပေါက်ဝမှာ တစ်ခုသုံးရာနဲ့ ရောင်းချပေးသွားနိုင်အောင်လည်း မြို့နယ်အသီးသီးကို ဖြန့်ဝေထားပြီးပါပြီ”ဟု မကွေးတိုင်းစည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ညွှန်ကြားရေးမှူး ဦးထင်အောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဈေးဝင်ပေါက်တွင် လက်ဆေးနိုင်ရန် စီစဉ်ပေးခြင်း၊ ဈေးသိမ်းပြီးပါက သက်ဆိုင်ရာမြို့နယ်စည်ပင်များမှ သန့်ရှင်းရေးလုပ်၍ ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး နှာခေါင်းစည်းများရောင်းချ ပေးနိုင်ရန် မကွေးတိုင်းအစိုးရအဖွဲ့မှ လောလောဆယ် အခုရေ(၅)သောင်းရရှိအောင်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအတွင်း မြို့နယ်အသီးသီးတွင်ရှိသည့် ဈေးကြီးများအား ဧပြီလ (၁၂)ရက်နေ့မှစတင်၍ COVID-19 ရောဂါကူးစက်မှုကာကွယ်နိုင်ရန်အတွက် ပိတ်ထားခဲ့ကြသဖြင့် အသား၊ ငါးနှင့် ဟင်းသီးဟင်း ရွက်များ ရောင်းချ ဝယ်ယူလိုသူများအတွက် အဆင်ပြေနိုင်စေရန် ယင်းသို့ စီမံဆောင်ရွက်ပေးခြင်းဖြစ် ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖီးနစ်




~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~


Header Ad

//