ကယားပြည်နယ် လွိုင်ကော်မြို့တွင် ညမထွက်ရ အမိန့်ချိုးဖောက်သည့် အမျိုးသားတစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် (၁)လ အမိန့်ချ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ညမထွက်ရ အမိန့်ချိုးဖောက်သည့် အမျိုးသားတစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် (၁)လ အမိန့်ချ
ဧပြီ 23, 2020
By Tachileik News Agency

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ညမထွက်ရ အမိန့်ချိုးဖောက်သည့် အမျိုးသားတစ်ဦးကို အလုပ်နှင့် ထောင်ဒဏ် (၁)လ အမိန့်ချ

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ညမထွက်ရ အမိန့်ကို ချိုးဖောက်သူ အမျိုးသားတစ်ဦးအား အလုပ်နှင့်ထောင်ဒဏ် (၁)လ ချမှတ်လိုက်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၀ခုနှစ် ဧပြီလ(၂၂)ရက်နေ့ ည(၁၀)နာရီ မိနစ်(၅၀)ဝန်းကျင်အချိန်က လွိုင်ကော်မြို့ရှိ မြကလပ် တောင်ခြေ မှောင်ရိပ်တွင် ဆိုင်ကယ်တစ်စီးအား တွေ့ရသည့်အတွက် မော်တော်ယာဉ်ဖြင့် လှည့်ကင်း လှည့်လည်သည့် ပူးပေါင်းအဖွဲ့က လိုက်လံ ဖမ်းဆီးရာ ဆိုင်ကယ်စီး အမျိုးသားမှ မချေမခံ ဆဲဆိုသည့်အပြင် ညမထွက်ရ အမိန့်ကိုလည်း ချိုးဖောက်သည့်အတွက် ဖမ်းဆီးအရေးယူပြီးနောက် လွိုင်ကော်မြို့နယ်တရားရုံးက ဧပြီလ(၂၃)ရက်နေ့တွင် ရာကြီး -၂၁၆/၂၀၂၀ ၊ ရာဇသတ်ကြီး ပုဒ်မ-၁၈၈ အရ အလုပ်နှင့်ထောင်ဒဏ် (၁) လကျခံစေရန် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကယားပြည်နယ်တွင်းရှိ မြို့နယ်အသီးသီးတွင်  ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈) ရက်နေ့မှစ၍ နေ့စဉ် ည(၁၀)နာရီမှ နံနက် (၄)နာရီအထိ ပြင်ပထွက်ခွာခြင်း မပြုရန်၊ ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရသည့် ယာဉ်နှင့် လူပုဂ္ဂိုလ်များ အနေဖြင့် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့် သတ်မှတ်နေရာများ၌ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန်၊ နေ့ခင်းဘက်တွင် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက လူ(၅)ဦးနှင့်အထက်မပိုစေဘဲ Mask တပ်ဆင်ပြီး ထွက်ရန်၊ ဈေးများတွင် ဈေးရောင်း၊ ဈေးဝယ်မည်သူမဆို Mask တပ်ဆင်ကြရန် ထုတ်ပြန်ထားသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~