မြန်မာ - လာအိုနယ်စပ် ကျိုင်းလပ်မြို့တွင် လမ်းပေါ်ဦးထုပ် ဆင်းကောက်သည့် အမျိုးသား ကားကြိတ်မိ၍ သေဆုံး

မြန်မာ - လာအိုနယ်စပ် ကျိုင်းလပ်မြို့တွင် လမ်းပေါ်ဦးထုပ် ဆင်းကောက်သည့် အမျိုးသား ကားကြိတ်မိ၍ သေဆုံး
ဧပြီ 2, 2020
By Tachileik News Agency

 မြန်မာ - လာအိုနယ်စပ် ကျိုင်းလပ်မြို့တွင် လမ်းပေါ်ဦးထုပ် ဆင်းကောက်သည့် အမျိုးသား ကားကြိတ်မိ၍ သေဆုံး

မြန်မာ - လာအိုနယ်စပ်ဒေသ ကျိုင်းလပ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့ ည (၁၀)နာရီကျော်က အမျိုးသားတစ်ဦး ကားကြိတ်မိပြီး သေဆုံးသွားကြောင်း  သိရသည်။

ဦးမြင့်ကျော်၊ ဦးစောဝင်းကြည်နှင့် သူရကျော်စွာတို့ (၃)ဦးသည် လိုက်ထရပ်ယာဉ်တစ်စီးဖြင့် တာချီလိတ်မြို့မှ ဈေးဝယ်ပြီး ကျိုင်းလပ်မြို့သို့ ပြန်လာကြစဉ် ယာဉ်ပေါ်လိုက်ပါလာသည့် ဦးစောဝင်းကြည်၏ ဦးထုပ်ပြုတ်ကျသဖြင့် ကားရပ်ခိုင်းပြီး ဆင်းကောက်နေစဉ် ယာဉ်မောင်း ဦးမြင့်ကျော်က ယာဉ်အား နောက်ပြန်ဆုတ်လိုက်ရာမှ ဦးစောဝင်းကြည်ကို ကားနောက်ဘီးဖြင့် ကြိတ်မိသွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးစောဝင်းကြည်မှာ နေရာတွင် သေဆုံးသွားသဖြင့် ယာဉ်မောင်းနှင်သူ မြင့်ကျော်အား ကျိုင်းလပ်နယ်မြေရဲစခန်းတွင် ယာဉ်(ပ)၂/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၃၀၃-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဖြူဖြူဝင်း(ကျိုင်းလပ်)


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~