မိုင်းဖြတ်မြို့၊ ဟိုပေါ့ကျေးရွာ၌ တောမီးမှတဆင့် မိုင်းဖြတ်မြို့နယ်အတွင်း ဟိုပေါ့ကျေးရွာတွင် တောမီးမှတဆင့် နေအိမ်(၂)လုံး မီးလောင်မိုင်းဖြတ်မြို့နယ်အတွင်း ဟိုပေါ့ကျေးရွာတွင် တောမီးမှတဆင့် နေအိမ်(၂)လုံး မီးလောင်နေအိမ်၂လုံးမီးလောင်မှုဖြစ်ပွား

မိုင်းဖြတ်မြို့၊ ဟိုပေါ့ကျေးရွာ၌ တောမီးမှတဆင့် မိုင်းဖြတ်မြို့နယ်အတွင်း ဟိုပေါ့ကျေးရွာတွင် တောမီးမှတဆင့် နေအိမ်(၂)လုံး မီးလောင်မိုင်းဖြတ်မြို့နယ်အတွင်း ဟိုပေါ့ကျေးရွာတွင် တောမီးမှတဆင့် နေအိမ်(၂)လုံး မီးလောင်နေအိမ်၂လုံးမီးလောင်မှုဖြစ်ပွား
ဧပြီ 1, 2020
By Tachileik News Agency
မိုင်းဖြတ်မြို့နယ်အတွင်း ဟိုပေါ့ကျေးရွာတွင် တောမီးမှတဆင့် နေအိမ်(၂)လုံး မီးလောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း ဟိုပေါ့ကျေးရွာတွင် တောင်ယာတောမီးမှတဆင့် မီးကူးစက်လောင်ကျွမ်း၍ နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးမှု ၂၀၂၀ခုနှစ် မတ်လ(၃၁)ရက်နေ့ ညနေ (၃)နာရီခွဲ ဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖြတ်မြို့နယ်၊ မွန်ကာကျောင်းကျေးရွာအုပ်စု၊ ဟိုပေါ့ကျေးရွာတွင် တောင်ယာတောမီးကြောင့် မီးလောင်မှုဖြစ်ပွားရာ ဦးကျဖေ့၏ ထရံကာ သက်ကယ်မိုးထားသည့် နေအိမ်နှင့် ဦးကျဟယ်၏ ထရံကာသက်ကယ်မိုးထားသည့် နေအိမ်တို့မှာ မီးလောင် ဆုံးရှုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းသို့ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားခြင်း မရှိကြောင်း နှင့် ဘေးအိမ်သို့ ကူးစက်လောင်ကျွမ်းမှုမရှိရန် ရွာသူ ရွာသားများက ဝိုင်းဝန်း ငြိမ်းသတ်ခဲ့ရကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားသည့် နေရာသည် မြို့ထဲနှင့် အလှမ်းဝေးပြီး သွားလာရ ခက်ခဲသည့်နေရာဖြစ်ကြောင်း သိရသည်။

မိုင်းဖြတ်နယ်အတွင်း၌ ယခုလို တောင်ယာတောမီးမှတဆင့် မီးလောင်ကျွမ်းကာ နေအိမ်(၁၈)လုံး မီးလောင်ဆုံးရှုံးမှု မက်မွန်ကျယ်(အောက်)ကျေးရွာတွင် မတ်လ(၂၅)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~