တာချီလိတ်မြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများနှင့် မလိုအပ်ဘဲ အပြင်မထွက်ရန် (၄)ရက် ဆက်တိုက် ဆက်လက် အသိပေးနေ

တာချီလိတ်မြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများနှင့် မလိုအပ်ဘဲ အပြင်မထွက်ရန် (၄)ရက် ဆက်တိုက် ဆက်လက် အသိပေးနေ
ဧပြီ 17, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများနှင့် မလိုအပ်ဘဲ အပြင်မထွက်ရန် (၄)ရက် ဆက်တိုက် ဆက်လက် အသိပေးနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများအား စစ်ဆေးရေးအဖွဲ့ဖြင့် စောင့်ကြည့်သတိပေးခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့တွင် (၄)ရက်မြောက်နေ့အဖြစ် ဆက်လက် ဆောင်ရွက်သည်။

မြန်မာနိုင်ငံတွင် COVID 19 ကူးစက်ခံရသူ စုစုပေါင်း (၈၅)ဦးရှိနေပြီး ရှမ်းပြည်နယ်အတွင်း အတည်ပြုလူနာ (၃) ဦးကို ကုသပေးနေခြင်းဖြစ်ရာ ဒေသတွင်း COVID 19 ကူးစက်ခံရမှု မရှိစေရေးအတွက် လူစုလူဝေး မပြုလုပ်ရန်၊ တတ်နိုင်သမျှနေအိမ်တွင် နေထိုင်ရန်၊ မဖြစ်မနေအပြင်ထွက်ရပါက Mask တပ်ဆင်ရန် ဒေသန္တရအမိန့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရောဂါကာကွယ်ရေးသတိပေးချက်များကို မလိုက်နာသူများအား စစ်ဆေးရေးအဖွဲ့များဖြင့် စောင့်ကြည့်သတိပေးခြင်းကို လုပ်ဆောင်နေခြင်းဖြစ်ပြီး သတ်မှတ်စည်းကမ်းလိုက်နာမှုမရှိပါက အရေးယူနိုင်သည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~