တာချီလိတ်က အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံက လာရောက်ခေါ်ဆောင်

တာချီလိတ်က အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံက လာရောက်ခေါ်ဆောင်
ဧပြီ 19, 2020
By Tachileik News Agency
တာချီလိတ်က အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံက လာရောက်ခေါ်ဆောင်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က ပထမဆုံး COVID 19 အတည်ပြုလူနာကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းက နေအိမ်ကနေတဆင့် ကျိုင်းတုံပြည်သူ့ဆေးရုံကို ခေါ်ဆောင်သွားပြီဖြစ်ပါတယ်။

အခုအတည်ပြုလူနာဖြစ်သွားတဲ့ဆရာဝန်ဟာ ရန်ကုန်မြို့မှာ ရှိစဉ်က လူနာကို ကုသပေးရာကနေ ကူးစက်ခံခဲ့ရတာဖြစ်ပြီး တာချီလိတ်မြို့ရဲ့ COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများမှာ ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်ပါတယ်။

တာချီလိတ်ဆေးရုံဟာ COVID 19 ကုသရေးအတွက် ပြင်ဆင်ထားတဲ့ ဆေးရုံဖြစ်ပေမဲ့ လက်ရှိမှာတော့ ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများကို Quarantine လုပ်ထားတာကြောင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးမှာ ကုသပေးသွားမှာ ဖြစ်ပါတယ်။

ကျိုင်းတုံပြည်သူ့ဆေးရုံမှာ တာချီလိတ် နဲ့ မိုင်းဖြတ်က အတည်ပြုလူနာ (၂)ဦးကို ကုသပေးနေတာဖြစ်ပါတယ်။

တာချီလိတ်က အတည်ပြုလူနာဟာ ကျန်းမာရေးအခြေအနေကောင်းမွန်နေပါတယ်။

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~