တာချီလိတ်မှ အတည်ပြုလူနာ၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်း

တာချီလိတ်မှ အတည်ပြုလူနာ၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်း
ဧပြီ 19, 2020
By Tachileik News Agency
တာချီလိတ်မှ အတည်ပြုလူနာ၏ နေအိမ်နှင့် အနီးပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖြန်း 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာ နေထိုင်သည့် ပတ်ဝန်းကျင်တွင် ပိုးသတ်ဆေးဖြန်းခြင်းကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၉) ရက်နေ့ နေ့လယ်ပိုင်းက ကျန်းမာရေးဦးစီးဌာနနှင့်အတူ မဇ္ဇျိမ လူမှုကူညီရေးအသင်းတို့ ဆောင်ရွက်ကြသည်။

“ကျန်းမာရေးဦးစီးဌာနနဲ့အတူ ဆေးဖြန်းတာ ဆောင်ရွက်တာပါ။ လူနာနေထိုင်သွားတဲ့ အိမ်နဲ့ အနီးဝန်းကျင်အားလုံး၊ လမ်းတလျှောက် ပိုးသတ်ဆေးဖြန်းပေးထားပါတယ်”ဟု တာချီလိတ်မြို့မှ မဇ္ဇျိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အတည်ပြုလူနာအား နေအိမ်တွင် အသွားအလာကန့်သတ်စောင့်ကြည့်ပြီး ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဓါတ်ခွဲအဖြေရရှိပြီးနောက် ဧပြီလ(၁၉)ရက်နေ့ နေ့လယ်ပိုင်းတွင် ကျိုင်းတုံပြည်သူ့ဆေးရုံမှ လူနာတင်ယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားခြင်းဖြစ်သည်။

အတည်ပြုလူနာအား ခေါ်ဆောင်သွားပြီးနောက် အဆိုပါနေအိမ်ဝန်းကျင်နှင့် လမ်းတစ်လျှောက်ကို ပိုးသတ်ဆေးဖြန်းပေးထားခြင်းဖြစ်သည်။

Tachileik News Agency
သတင်း -ချယ်ရီထိုက်
ဓါတ်ပုံ - UTS


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~