(၁၄)ရက်စောင့်ကြည့်ထားသူထဲက အမျိုးသမီးတစ်ဦး ကိုရိုဗိုင်းရပ်စ် အတည်ပြုလူနာဖြစ်၍ နိုင်ငံအတွင်း ကူးစက်ခံရသူ (၂၁)ဦးရှိလာ

(၁၄)ရက်စောင့်ကြည့်ထားသူထဲက အမျိုးသမီးတစ်ဦး ကိုရိုဗိုင်းရပ်စ် အတည်ပြုလူနာဖြစ်၍ နိုင်ငံအတွင်း ကူးစက်ခံရသူ (၂၁)ဦးရှိလာ
ဧပြီ 4, 2020
By Tachileik News Agency
(၁၄)ရက်စောင့်ကြည့်ထားသူထဲက အမျိုးသမီးတစ်ဦး ကိုရိုဗိုင်းရပ်စ် အတည်ပြုလူနာဖြစ်၍ နိုင်ငံအတွင်း ကူးစက်ခံရသူ (၂၁)ဦးရှိလာ

ရန်ကုန်မြို့တွင် (၁၄) ရက်စောင့်ကြည့်ထားသူများထဲမှ ရောဂါလက္ခဏာပြသည့် အမျိုးသမီးတစ်ဦးတွင် COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် မြန်မာနိုင်ငံ၌ အတည်ပြုလူနာ (၂၁)ဦး ရှိလာပြီဖြစ်သည်။

စောင့်ကြည့်လူနာနှင့် ဆေးရုံ/ အိမ်/ ဟိုတယ်တွင် အသွားအလာ ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသောသူ (၈၄) ဦး၏ ဓာတ်ခွဲနမူနာများအား အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဧပြီလ (၄)ရက်နေ့၊ ညနေ (၅)နာရီခွဲတွင် ထုတ်ပြန်လာရာ အဆိုပါ အမျိုးသမီးမှလွဲ၍ ကျန် (၈၃)ဦးတွင် ပိုးမတွေ့ရကြောင်း  ဓါတ်ခွဲအဖြေရလာခြင်းဖြစ်သည်။

ဓာတ်ခွဲအတည်ပြုလူနာ (Case-21) သည် ရန်ကုန်တိုင်းဒေသကြီး၊ တောင် ဥက္ကလာပမြို့နယ်မှ အသက် (၂၄) နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး မိခင်နှင့် မောင်တော်စပ်သူတို့နှင့်အတူ မတ်လ (၂၄)ရက်နေ့တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုရီးယားနှင့် ထိုင်းတို့မှတစ်ဆင့် ပြန်လာကာ ရန်ကုန်သို့ မတ်လ (၂၆)ရက်နေ့၌ ရောက်ရှိသူဖြစ်ကြောင်း သိရသည်။

လေဆိပ်သို့ ရောက်ရှိချိန်မှစ၍ ဗိုလ်တစ်ထောင်မြို့နယ်ရှိ ဟိုတယ်တစ်ခု၌ အသွားအလာကန့်သတ်ထားရာ ဧပြီလ (၂)ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်းခြင်း စသည့် ရောဂါလက္ခဏာများ ခံစားခဲ့ရသဖြင့်  ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် ကုသမှုပေးကာ ဓါတ်ခွဲပို့စစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာ (၂၀) ဦးအနက် ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံမှ လူနာ (၁) ဦး၊ ရန်ကုန်မြို့ ဝေဘာဂီအထူးကုဆေးရုံကြီးမှ လူနာ (၁၀) ဦး နှင့် မန္တလေး မြို့ ကန်တော်နဒီဆေးရုံမှ လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှ လူနာ (၁) ဦး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ပြည်သူ့ဆေးရုံကြီး၊ လားရှိုးမြို့တွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံမှ ပြောင်းရွှေ့လူနာ (၁) ဦး၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ပေါက်ခေါင်းမြို့မှ ပြောင်းရွှေ့လူနာ (၄)ဦး စုစုပေါင်း (၁၈) ဦးတို့၏ ကျန်းမာရေး အခြေအနေမှာ တည်ငြိမ်လျက်ရှိပါပြီး ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ (၂) ဦးအား အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိဆေးကုသမှုပေးလျက်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် ဧပြီလ (၃)ရက်နေ့၊ ညနေ (၆) နာရီမှ ဧပြီလ(၄) ရက်နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၅၈) ဦး ရှိကြောင်း သိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~