အိန္ဒိယတွင် COVID 19 ကာလအတွင်း မွေးလာသည့် အမွှာအား ကိုရိုနာ နှင့် ကိုဗစ်ဟု အမည်ပေး

အိန္ဒိယတွင် COVID 19 ကာလအတွင်း မွေးလာသည့် အမွှာအား ကိုရိုနာ နှင့် ကိုဗစ်ဟု အမည်ပေး
ဧပြီ 6, 2020
By Tachileik News Agency

အိန္ဒိယတွင် COVID 19 ကာလအတွင်း မွေးလာသည့် အမွှာအား ကိုရိုနာ နှင့် ကိုဗစ်ဟု အမည်ပေး 

အိန္ဒိယနိုင်ငံတွင်  COVID - 19 ကပ်ရောဂါကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပိတ်ဆို့ကန့်သတ်မှုများ လုပ်ဆောင်နေသည့် ကာလအတွင်း မွေးဖွားလာသည့် အမွှာကလေး(၂)ဦးကို ကိုရိုနာ နှင့် ကိုဗစ်ဟု အမည်ပေးထားကြောင်း သိရသည်။

မိန်းကလေးနှင့် ယောကျ်ားလေးအမွှာကို ရိပါးမြို့တွင် ၂၀၂၀ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့က မွေးဖွားခဲ့ခြင်းဖြစ်ပြီး မြို့ကို အဝင်အထွက်ပိတ်ထားချိန်ဖြစ်၍ မွေးဖွားရန် အခက်အခဲများစွာ ကြုံခဲ့ရသည်ဟု သိရသည်။

ကပ်ရောဂါ ကာလအတွင်း ဖြတ်ကျော်ခဲ့ရသည့် အခက်အခဲများအား အမှတ်တရဖြစ်စေရန်အတွက် ကလေးမိခင်နှင့် ဖခင်ဖြစ်သူတို့က ကလေးနှစ်ဦးကို ကိုရိုနာနှင့် ကိုဗစ်ဟု အမည်ပေးခဲ့ခြင်းဖြစ်သော်လည်း မိသားစု၊ ဆွေမျိုးသားချင်းများက နာမည်ပြောင်းရန် ဖိအားပေးမှုများနှင့် ကြုံခဲ့ရသည်ဟု သိရသည်။

COVID 19 ပျံ့နှံ့မှုကြောင့် အိန္ဒိယနိုင်ငံတွင် ဧပြီလ (၁၄)ရက်နေ့အထိ လူဦးရေ (၁.၃) ဘီလီယံရှိသည့်နိုင်ငံကို  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပြင်ထွက်ခွင့်ပိတ်ထားခြင်းဖြစ်သည်။

Tachileik News Agency
Ref: Aljazeera


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~