အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူ အပါအဝင် ဆက်စပ်သူ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို တာချီလိတ်မှ ရန်ကုန်သို့ ကားဖြင့်အဆင့်ဆင့် ပို့ဆောင်နေဆဲ

အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူ အပါအဝင် ဆက်စပ်သူ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို တာချီလိတ်မှ ရန်ကုန်သို့ ကားဖြင့်အဆင့်ဆင့် ပို့ဆောင်နေဆဲ
ဧပြီ 17, 2020
By Tachileik News Agency
အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူ အပါအဝင် ဆက်စပ်သူ (၃)ဦး၏ ဓါတ်ခွဲနမူနာများကို တာချီလိတ်မှ ရန်ကုန်သို့ ကားဖြင့်အဆင့်ဆင့်  ပို့ဆောင်နေဆဲ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ (၃)ဦး၏ COVID-19 ဓါတ်ခွဲနမူနာများကို ရန်ကုန် ဓါတ်ခွဲခန်းသို့ ပို့ဆောင်ဆဲဖြစ်၍ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၇)ရက်နေ့ ဓါတ်ခွဲအဖြေများတွင် ပါဝင်မည် မဟုတ်ကြောင်းသိရသည်။

“ဓါတ်ခွဲနမူနာတွေက လမ်းမှာပဲရှိပါသေးတယ်။ ဒီနေ့တော့ ကျွန်တော်တို့ ရှမ်း(အရှေ့)က ဓါတ်ခွဲအဖြေ မျှော်စရာ မရှိသေးပါဘူး”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၁၇)ရက်နေ့တွင် ပြောသည်။

ရန်ကုန်တွင် အတည်ပြုလူနာဖြစ်သွားသူကို ဆေးကုသပေးခဲ့ဖူးသည့် ဆရာဝန်တစ်ဦး ၂၀၂၀ခုနှစ် ဧပြီလ (၆)ရက်နေ့ နေ့လယ် (၁၁)နာရီက မြန်မာအမျိုးသားလေကြောင်းလိုင်း (UB 275)ဖြင့် တာချီလိတ်ရှိ မိသားစုနေအိမ်သို့ ပြန်လာခဲ့ရာ အဆိုပါ ဆရာဝန်အပါအဝင် နေအိမ်တွင်နေထိုင်သူ (၃)ဦးလုံးကို အသွားအလာကန့်သတ်ပြီး ဓါတ်ခွဲစစ်ဆေးထားခြင်း ဖြစ်ကြောင်းသိရသည်။

ရှမ်းပြည်နယ်တွင်းမှ ဓါတ်ခွဲနမူနာများကို ယခင်က မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်သို့ နေ့ချင်းပို့ဆောင်နိုင်ခဲ့သော်လည်း လတ်တလောတွင် လေကြောင်းလိုင်းများကို ခေတ္တရပ်နားထားသဖြင့် မော်တော်ယာဉ်များဖြင့် တာချီလိတ်မှ ကျိုင်းတုံ၊ ကျိုင်းတုံမှတဆင့် တောင်ကြီး၊ တောင်ကြီးမှ တဆင့် ရန်ကုန်သို့ အဆင့်ဆင့် ပို့ဆောင်နေရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~