တာချီလိတ်မှ COVID 19 အတည်ပြုလူနာ (၁)ဉီးပါဝင်လာ၍ အတည်ပြုလူနာ (၉၈)ဦးရှိလာ

တာချီလိတ်မှ COVID 19 အတည်ပြုလူနာ (၁)ဉီးပါဝင်လာ၍ အတည်ပြုလူနာ (၉၈)ဦးရှိလာ
ဧပြီ 18, 2020
By Tachileik News Agency
တာချီလိတ်မှ COVID 19 အတည်ပြုလူနာ (၁)ဉီးပါဝင်လာ၍ အတည်ပြုလူနာ (၉၈)ဦးရှိလာ

ရန်ကုန်နှင့် တာချီလိတ်မှ COVID 19 အတည်ပြုလူနာ (၄)ဦးကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁၈)ရက်နေ့ ဓါတ်ခွဲစစ်ဆေးမှုအတွင်းတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၉၈) ဦးရှိလာပြီဖြစ်သည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီလ(၁၈)ရက်နေ့ ညနေပိုင်းအထိ ဓါတ်ခွဲစစ်ဆေးသူ (၁၈၅)ဦးတွင် (၄)ဦး၌ COVID ပိုးတွေ့ရခြင်းဖြစ်ကြောင်း ညနေ (၉)နာရီ ဓါတ်ခွဲခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ အတည်ပြုလူနာ (၉၈)ဦးအနက် ကုသမှုခံယူပြီး ပြန်လည်ကျန်းမာလာသူ (၅)ဦးနှင့် သေဆုံးသူ (၅)ဦးရှိနေကာ ကျန်အတည်ပြုလူနာများမှာ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေဆဲဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~